ထို့ကြောင့် သူသည် ညသန်းခေါင်ထ၍ အကျွန်ုပ်အိပ်နေချိန်တွင် အကျွန်ုပ်ဘေး၌အိပ်နေသော အကျွန်ုပ်၏သားကိုယူပြီး သူ့ရင်ခွင်၌သိပ်ပါ၏။ သူ့သားအသေကောင်ကိုမူ အကျွန်ုပ်၏ရင်ခွင်၌ ထားပါ၏။
ယောဘဝတ္တု။ 24:13 - မြန်မာ့စံမီသမ္မာကျမ်း အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ကြ၏။ အလင်း၏လမ်းစဉ်များကို အသိအမှတ်မပြုကြ။ အလင်း၏လမ်းစဉ်အတိုင်း မနေထိုင်လိုကြ။ Common Language Bible အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။ Garrad Bible အ လင်း ကို ဆန့် ကျက် ဘက်၍၊ အ လင်း လမ်း များ ကို မ မှတ် သား ဘဲ၊ ထို ခ ရီး၌ မ မြဲ သော သူ တို့ အ နက်၊ Judson Bible အချို့သောသူတို့သည် အလင်းကိုဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။ |
ထို့ကြောင့် သူသည် ညသန်းခေါင်ထ၍ အကျွန်ုပ်အိပ်နေချိန်တွင် အကျွန်ုပ်ဘေး၌အိပ်နေသော အကျွန်ုပ်၏သားကိုယူပြီး သူ့ရင်ခွင်၌သိပ်ပါ၏။ သူ့သားအသေကောင်ကိုမူ အကျွန်ုပ်၏ရင်ခွင်၌ ထားပါ၏။
မြို့သားတို့သည် ညည်းတွားလျက်၊ ဒဏ်ရာရသူတို့သည်လည်း အကူအညီအော်ဟစ်တောင်းခံလျက် နေရပါ၏။ သို့သော် ထိုမတရားမှုကို ဘုရားသခင် အရေးစိုက်တော်မမူ။
လူသတ်သမားသည် အရုဏ်တက်ချိန်တွင် ထ၍ ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို သတ်တတ်၏။ ညဘက်တွင်မူကား သူသည် သူခိုးကဲ့သို့ဖြစ်၏။
သူခိုးတို့သည် မှောင်ရိပ်ခိုပြီး အိမ်ကိုဖောက်ထွင်း၏။ နေ့အချိန်တွင်မူကား အလင်းကိုရှောင်၍ အိမ်ထဲတွင် ပုန်းအောင်းနေ၏။
မြေကြီးစွန်းတို့ကိုဆုပ်ကိုင်ပြီး မြေကြီးပေါ်ရှိလူဆိုးတို့ကို ခါထုတ်ရန် သူတို့ကို အမိန့်ပေးဖူးသလော။
လူဆိုးတို့ထံမှ အလင်းကိုရုပ်သိမ်းတော်မူ၏။ မြှောက်ထားသောလက်ကို ချိုးပစ်တော်မူ၏။
နေ့အချိန်၌ပင် သူတို့ကို အမှောင်ထုဖုံးလွှမ်း၍ မွန်းတည့်အချိန်၌ပင် ညအချိန်ကဲ့သို့ စမ်းတဝါးဝါးသွားလာကြရ၏။
ဆိုးယုတ်သောသူတို့၏လမ်းသည် မှောင်မိုက်ကဲ့သို့ဖြစ်၍ သူတို့သည် မည်သည့်အရာနှင့်ခလုတ်တိုက်မိသည်ကို မသိကြ။
ယေရှုကလည်း“အလင်းသည် သင်တို့တွင် နောက်ထပ် ခဏရှိဦးမည်။ သင်တို့အား မှောင်မိုက်မလွှမ်းမိုးစေရန် အလင်းရှိခိုက် သွားလာကြလော့။ မှောင်မိုက်၌သွားလာသောသူသည် မိမိမည်သည့်အရပ်သို့သွားသည်ကိုမသိ။
“သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။
တစ်စုံတစ်ဦးသည် ငါ၌မတည်မနေလျှင် အကိုင်းအခက်ကဲ့သို့ အပြင်သို့လွှတ်ပစ်ခြင်းခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားရ၏။ လူတို့သည် ၎င်းတို့ကိုစုစည်းလျက် မီးထဲသို့ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွား၏။
ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။
သို့ဖြစ်၍ မည်သူမဆို ကောင်းသောအမှုကိုလုပ်ဆောင်ရန် သိလျက်နှင့်မလုပ်ဘဲနေလျှင် သူ့အတွက်အပြစ်ဖြစ်၏။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။