မိဘမဲ့တို့၏မြည်းကို ယူဆောင်သွားတတ်ကြ၏။ မုဆိုးမ၏နွားကိုပင် အပေါင်ပစ္စည်းအဖြစ် သိမ်းယူတတ်ကြ၏။
ယောဘဝတ္တု။ 22:6 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ကိုယ့်ညီအစ်ကိုတို့၏အပေါင်ပစ္စည်းကိုပင် အကြောင်းမဲ့သိမ်းယူ၍ သူတို့၏အဝတ်ကို ချွတ်ယူကာ အဝတ်မပါအချည်းစည်း ရှိစေ၏။ Common Language Bible သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကို လည်း ချွတ်ယူပြီ။ Garrad Bible အ သို့ ဆို သော်၊ သင် သည် ညီ အစ် ကို ထံ အ ချည်း အ နှီး အ ပေါင်း ခံ သည့် ပြင်၊ အ ဝတ် မဲ့ သူ တို့၏ ခြုံ စောင် ကို ပင် ခွာ ယူ ခဲ့ လေ ပြီ။ Judson Bible သင်သည် ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကိုလည်း ချွတ်ယူပြီ။ |
မိဘမဲ့တို့၏မြည်းကို ယူဆောင်သွားတတ်ကြ၏။ မုဆိုးမ၏နွားကိုပင် အပေါင်ပစ္စည်းအဖြစ် သိမ်းယူတတ်ကြ၏။
ညအိပ်သောအခါ အဝတ်မပါဘဲ အချည်းစည်းအိပ်ရ၏။ ချမ်းအေးသောအခါတွင်လည်း ခြုံစရာမရှိ။
ငါသည် အကူအညီအော်ဟစ်တောင်းခံသောဆင်းရဲသားနှင့် အကူအညီမဲ့သောဖတဆိုးတို့ကို ကယ်မပေးခဲ့၏။
သင်သည် သင့်အိမ်နီးချင်း၏ခြုံထည်ကို အမှန်အပေါင်ခံလျှင် သူ့အား နေမဝင်မီပြန်ပေးရမည်။
ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို နိုင်ထက်စီးနင်းပြုခြင်း၊ သူတစ်ပါးဥစ္စာကို မတရားယူ၍ အပေါင်ပစ္စည်းကိုပြန်မပေးခြင်း၊ ရုပ်တုတို့ကိုကိုးကွယ်ခြင်း၊ စက်ဆုပ်ရွံရှာဖွယ်ရာတို့ကိုပြုခြင်း၊
မည်သူ့ကိုမျှနိုင်ထက်စီးနင်းမပြု၊ အပေါင်ပစ္စည်းကို လက်မခံ၊ သူတစ်ပါးဥစ္စာကို မတရားမယူ၊ ဆာလောင်မွတ်သိပ်သောသူအား စားစရာကိုပေး၍ အဝတ်အချည်းစည်းဖြစ်သောသူအား ဝတ်စရာကိုပေးလျှင်၊
မည်သူ့ကိုမျှနိုင်ထက်စီးနင်းမပြု၊ ကြွေးယူသူပေါင်ထားသောပစ္စည်းကို ပြန်ပေး၍ သူတစ်ပါးဥစ္စာကို မတရားမယူ၊ ဆာလောင်မွတ်သိပ်သောသူအား စားစရာကိုပေး၍ အဝတ်အချည်းစည်းဖြစ်သောသူအား ဝတ်စရာကိုပေးလျှင်၊
ယဇ်ပလ္လင်ရှိသမျှတို့၏အနီးတွင် အပေါင်ခံအဝတ်များကို ခင်း၍ လဲလျောင်းနေတတ်ကြ၏။ ဒဏ်ကြေးကောက်သောငွေများဖြင့် စပျစ်ဝိုင်ဝယ်၍ သူတို့ဘုရားဝတ်ကျောင်းတွင် သောက်တတ်ကြ၏။
ကြိတ်ဆုံတစ်စုံလုံးကိုဖြစ်စေ၊ အပေါ်ကျောက်ပြားကိုဖြစ်စေ အပေါင်လက်မခံရ။ လက်ခံလျှင် အသက်ကို အပေါင်လက်ခံသည်နှင့်တူ၏။