ယောဘဝတ္တု။ 22:5 - မြန်မာ့စံမီသမ္မာကျမ်း သင်ပြုသောမကောင်းမှုများမှာ များပြားလွန်းသည်မဟုတ်လော။ သင်ပြုသောအပြစ်များမှာလည်း အဆုံးမရှိ။ Common Language Bible သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။ Garrad Bible သင် ဆိုး သွမ်း ခြင်း များ ပြား လှ သည် မ ဟုတ် လော။ ဒု စ ရိုက် လည်း၊ မ ကုန် မ ဆုံး ချေ။ Judson Bible သင်ပြုသောဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။ |
ပြီးပြည့်စုံသောဉာဏ်ပညာသည် အသွားနှစ်ဖက်ပါသည်ဖြစ်၍ ဉာဏ်ပညာ၏လျှို့ဝှက်ချက်ကို သင့်အား ဖော်ပြတော်မူပါစေ။ ဘုရားသခင်သည် သင့်အပြစ်များကို မေ့လျော့တော်မူကြောင်း သိမှတ်လော့။
ငါ့ကို ဒုက္ခပေးမည့် သင်တို့၏အတွေးများနှင့် သင်တို့၏ကောက်ကျစ်သောအကြံအစည်များကိုလည်း ငါသိ၏။
ယောဘသည် မိမိကိုယ်မိမိ ဖြောင့်မတ်သည်ဟု ခံယူသောကြောင့် ထိုသူသုံးဦးလည်း ဘာမျှဆက်မပြောတော့ပေ။
ထိုသို့ ယောဘက မိမိကိုယ်မိမိ ဘုရားသခင်ထက် ဖြောင့်မတ်မှန်ကန်သည်ဟု ဆိုသောကြောင့် ရာမမျိုးနွယ်စု၊ ဗုဇအမျိုး၊ ဗာရခေလ၏သား ဧလိဟုသည် ယောဘကို အမျက်ထွက်၏။
ယောဘကို ပြန်မချေပနိုင်ဘဲ အပြစ်ကိုသာတင်ကြသော ယောဘ၏မိတ်ဆွေသုံးယောက်ကိုလည်း အမျက်ထွက်လေ၏။
သို့သော် သင်သည် လူဆိုးတို့ခံရမည့်စီရင်ခြင်းမျိုးကို အယုတ်အလျော့မရှိခံရ၍ မှန်ကန်သောတရားစီရင်ခြင်းသည်လည်း သင့်ကို ဖမ်းကိုင်လိမ့်မည်။
မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
အကြောင်းမူကား မရေမတွက်နိုင်သောဘေးအန္တရာယ်များသည် အကျွန်ုပ်ကိုဝန်းရံလျက်ရှိကြပါ၏။ အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်ကိုဖုံးလွှမ်းသဖြင့် အကျွန်ုပ်ဘာမျှ မမြင်နိုင်တော့ပါ။ ၎င်းတို့သည် အကျွန်ုပ်၏ဦးခေါင်းမှဆံပင်များထက် များပြား၍ အကျွန်ုပ်၏စိတ်နှလုံးသည် အားလျော့ပါပြီ။