နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယလ၊ တစ်ဆယ့်ခုနစ်ရက်နေ့၊ ထိုနေ့၌ ကြီးမားနက်ရှိုင်းရာအရပ်မှ ရေထွက်ပေါက်ရှိသမျှတို့ကို ဖွင့်ချ၍ မိုးကောင်းကင်ရေတံခါးများကို ဖွင့်တော်မူသဖြင့်
ယောဘဝတ္တု။ 22:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် အချိန်မတိုင်မီ ဖျက်ဆီးခြင်း ခံရနိုင်၏။ သူတို့ရပ်တည်ရာမဏ္ဍိုင်သည်လည်း ရေစုန်မျောသွားနိုင်၏။ Common Language Bible အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊ Judson Bible အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဖို့ အဘယ်သို့ ပြုနိုင်သနည်းဟူ၍လည်းကောင်း၊ |
နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယလ၊ တစ်ဆယ့်ခုနစ်ရက်နေ့၊ ထိုနေ့၌ ကြီးမားနက်ရှိုင်းရာအရပ်မှ ရေထွက်ပေါက်ရှိသမျှတို့ကို ဖွင့်ချ၍ မိုးကောင်းကင်ရေတံခါးများကို ဖွင့်တော်မူသဖြင့်
ကျောက်တုံးများကို ရေတိုက်စားသွားသကဲ့သို့၊ မြေကြီးများလည်း ရေစီးနှင့်မျောပါသွားသကဲ့သို့ ကိုယ်တော်သည် လူ၏မျှော်လင့်ချက်ကို ဖျက်ဆီးတော်မူ၏။
အချိန်မတန်မီ သူသည် အစုံအလင်ပြန်ခံရမည်။ သူ၏အကိုင်းအခက်သည်လည်း စိမ်းလန်းမည်မဟုတ်။
သူတို့သည် အသက်ရှင်စဉ် စည်းစိမ်ချမ်းသာများကို သုံးဖြုန်းကြ၏။ တစ်ခဏချင်းတွင် မရဏာနိုင်ငံသို့ ရောက်သွားတတ်ကြ၏။
သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
သူတို့သည် ရေမျက်နှာပြင်ပေါ်တွင် မျောပါသွားလိမ့်မည်။ သူတို့၏အမွေမြေသည် ကျိန်ဆဲခံရသဖြင့် မည်သူမျှ ကိုယ့်စပျစ်ခြံများသို့ သွားရတော့မည်မဟုတ်။
အသက်ငယ်ရွယ်စဉ်မှာပင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့အလယ်တွင် အသက်သေဆုံးသွားရတတ်၏။
မြေမှုန့်တွင်အုတ်မြစ်ချထားသောရွှံ့အိမ်၌ နေထိုင်ကြပြီး ပိုးကောင်ကဲ့သို့ အမှုန့်ချေ၍ရသောသူတို့ကိုမူ အဘယ်ဆိုဖွယ်ရှိသနည်း။
ငါကလည်း “အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်အသက်တာ၏ခရီးတစ်ဝက်တွင် အကျွန်ုပ်ကိုရုပ်သိမ်းတော်မမူပါနှင့်။ ကိုယ်တော်၏နှစ်ကာလတို့သည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
ကိုယ်တော်သည် လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၍ သူတို့သည် အိပ်ပျော်သွားကြရပါ၏။ လူသည် နံနက်အချိန်တွင် ကြီးထွားလာသည့် မြက်ပင်ကဲ့သို့ဖြစ်ပါ၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ကိုရှည်စေတတ်၏။ ဆိုးယုတ်သောသူတို့၏နှစ်ကာလမူကား တိုတတ်၏။
လွန်ကဲစွာမဆိုးယုတ်နှင့်။ မိုက်မဲသောသူလည်း မဖြစ်နှင့်။ သင်၏အချိန်မရောက်မီ အဘယ်ကြောင့် သေလိုသနည်း။
ကြည့်ရှုလော့။ ဘုရားရှင်၌ တန်ခိုးခွန်အားကြီးသောသူရှိ၏။ ထိုသူသည် မိုးသီးမုန်တိုင်း၊ ဖျက်ဆီးတတ်သော လေပြင်းမုန်တိုင်း၊ ရေလွှမ်းမိုးစေသည့် ပြင်းထန်သောမိုးသက်မုန်တိုင်းကဲ့သို့ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူကို မိမိလက်ဖြင့် မြေကြီးပေါ်သို့ပစ်ချမည်။
ရှေးဟောင်းကမ္ဘာကိုလည်း ညှာတာတော်မမူဘဲ ထိုဘုရားတရားမဲ့သောကမ္ဘာကို ရေလွှမ်းမိုးစေတော်မူ၍ ဖြောင့်မတ်ခြင်းတရား၏သံတော်ဆင့်ဖြစ်သောနောဧအပါအဝင် လူရှစ်ဦးကို စောင့်ရှောက်တော်မူ၏။