ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
ယောဘဝတ္တု။ 21:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏အိမ်သည် ကြောက်စရာမရှိ။ ဘေးကင်းလုံခြုံလျက်ရှိ၏။ ဘုရားသခင်သည် သူတို့ကို ဒဏ်ခတ်တော်မမူ။ Common Language Bible သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။ Garrad Bible အိမ် သူ အိမ် သား များ လည်း၊ ကြောက် ရွံ့ ခြင်း ကင်း လျက် လုံ ခြုံ၍၊ အာ ဏာ တော့် ရိုက် ဒဏ် ကို ဘု ရား သ ခင် စီ ရင် တော် မ မူ။ Judson Bible သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။ |
ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
ကြောက်မက်ဖွယ်အသံများကိုသာ သူ့နားတွင် ကြားနေရ၏။ ငြိမ်းချမ်းနေချိန်တွင်ပင် သူ့ထံ ဖျက်ဆီးခြင်းဘေး ရောက်လာတတ်၏။
ထိတ်လန့်ဖွယ်ရာတို့သည် သူ့ကိုပတ်လည်ဝိုင်း၍ ခြောက်လှန့်ပြီး သူသွားလေရာရာသို့ ထက်ကြပ်မကွာလိုက်လိမ့်မည်။
သူတို့ပိုင်သောနွားထီးများသည် မျိုးကောင်း၍ မျိုးမအောင်ခြင်းမရှိ။ နွားမများသည်လည်း သားပေါက်၍ သားလျှောခြင်းမရှိ။
ကိုယ်တော်သည် မိမိ၏ကြိမ်လုံးကို ငါ့ထံမှဖယ်ရှားတော်မူပါစေသော။ ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာတို့ဖြင့် ငါ့ကိုမခြောက်လှန့်ပါစေနှင့်။
သူတို့သည် ချက်ချင်းပင် ကြီးစွာသောပျက်စီးခြင်းသို့ရောက်၍ ထိတ်လန့်ဖွယ်ရာများဖြင့် အကုန်အစင် ဖယ်ရှားခြင်းခံကြရပါသည်တကား။
လူတို့ကြုံရသည့်အခက်အခဲပြဿနာမျိုး သူတို့၌မရှိ။ အခြားသောသူများကဲ့သို့ ထိပါးနှောင့်ယှက်ခြင်းကိုလည်း မခံရ။
ငါသည် သူတို့ကျူးလွန်သောအပြစ်အတွက် ကြိမ်လုံးဖြင့်ဒဏ်ခတ်၍ သူတို့၏ဒုစရိုက်အတွက် ကျာပွတ်ဖြင့်ပြစ်ဒဏ်ပေးမည်။