သင်တို့က ‘သူပြုခဲ့သောအပြစ်အတွက် သူ့သားသမီးအဖို့ ဘုရားသခင်သည် သိုထားတော်မူ၏’ဟု ဆိုကြသော်လည်း သူတို့သိသွားအောင် ကိုယ်တော်သည် သူတို့ကိုသာ ပြန်ပေးဆပ်စေပါစေ။
ယောဘဝတ္တု။ 21:31 - မြန်မာ့စံမီသမ္မာကျမ်း မည်သူသည် သူ့အပြုအမူကို သူ့ရှေ့တွင် ဖော်ပြသနည်း။ မည်သူသည် သူပြုခဲ့သောအမှုအတွက် ပြန်ပေးဆပ်စေသနည်း။ Common Language Bible သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူဘော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။ Garrad Bible ထို သူ၏ နည်း လမ်း ကို မျက် မှောက် ထင် ထင် မည် သူ ဖော် ပြ ဝံ့ မည် နည်း။ အ ပြု အ မူ အ တိုင်း မည် သူ ဆပ် ပေး မည် နည်း။ Judson Bible သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူ ဖော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။ |
သင်တို့က ‘သူပြုခဲ့သောအပြစ်အတွက် သူ့သားသမီးအဖို့ ဘုရားသခင်သည် သိုထားတော်မူ၏’ဟု ဆိုကြသော်လည်း သူတို့သိသွားအောင် ကိုယ်တော်သည် သူတို့ကိုသာ ပြန်ပေးဆပ်စေပါစေ။
အကယ်စင်စစ် ဘေးဒုက္ခရောက်သောနေ့တွင် မကောင်းမှုပြုသောသူသည် လွတ်မြောက်ရတတ်၏။ အမျက်တော်နေ့တွင် ကယ်တင်ခံရတတ်၏။
သူ့ကို သင်္ချိုင်းတွင်းသို့ အရောက်ပို့ပြီး သူ့အုတ်ဂူကို စောင့်ကြပ်ထားလိမ့်မည်။
မည်သူသည် ငါ့ကို အလျင်ပေး၍ ငါပြန်ပြီးပေးရမည်နည်း။ မိုးကောင်းကင်အောက် ရှိသမျှတို့သည် ငါ့အပိုင် ဖြစ်၏။
ဤအမှုတို့ကိုသင်ပြု၍ ငါသည် တိတ်ဆိတ်စွာနေသဖြင့် ငါသည် သင်နှင့်တူသည်ဟု သင်ထင်မှတ်၏။ ငါသည် သင့်ကိုဆုံးမ၍ သင်၏အပြစ်ကို သင့်ရှေ့မှောက်၌ခင်းပြမည်။
ထာဝရဘုရားကိုပြစ်မှားကြ၏။ ငြင်းပယ်ကြ၏။ ဘုရားသခင်နောက်တော်သို့လိုက်ခြင်းမှ ပြန်ဆုတ်သွားကြ၏။ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းအကြောင်းကို ပြောဆိုကြ၏။ စိတ်နှလုံးထဲ၌သန္ဓေတည်နေသော မုသားစကားကို မြွက်ဆိုကြ၏။
ယောဟန်က “သင်သည် အစ်ကို၏ဇနီးကိုသိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ပြောခဲ့သောကြောင့်ဖြစ်၏။
သို့သော် ပေါလုက ဖြောင့်မတ်ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းတို့ကို ဆွေးနွေးပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခုသွားဦးလော့။ နောက်မှ အချိန်ရသောအခါ သင့်ကို ငါခေါ်ဦးမည်”ဟု ဆိုလေ၏။
ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
သို့သော် အန္တိအုတ်မြို့သို့ ကေဖရောက်လာသောအခါ သူ၌အပြစ်တင်စရာရှိသောကြောင့် ငါသည် သူ့ကို မျက်နှာချင်းဆိုင်၍ ပိတ်ပင်တားဆီးရ၏။
ကိုယ်တော်ကို မုန်းတီးသောသူတို့ကိုကား ပျက်စီးစေခြင်းဖြင့် ဒဏ်ခတ်သောဘုရားဖြစ်တော်မူကြောင်း သိမှတ်ကြလော့။ ကိုယ်တော်သည် မိမိကိုမုန်းတီးသောသူတို့အား အလျင်အမြန် ဒဏ်ခတ်တော်မူမည်။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။