“စာရဲ၏ကျွန်မ ဟာဂရ၊ သင်သည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်နည်း”ဟု မေးလေ၏။ သူကလည်း “ကျွန်မသည် ကျွန်မ၏သခင်မ စာရဲထံမှထွက်ပြေးလာပါသည်”ဟု ဖြေလေ၏။
ယောဘဝတ္တု။ 2:2 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက စာတန်အား “သင် ဘယ်အရပ်က လာသနည်း”ဟု မေးတော်မူလျှင် စာတန်က ထာဝရဘုရားအား “မြေကြီးတစ်ခွင် လှည့်လည်သွားလာရာမှ လာပါသည်”ဟု ပြန်လျှောက်၏။ Common Language Bible ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ၏။ Garrad Bible စာ တန် အား အ ဘယ် က လာ သ နည်း ဟု၊ ထာ ဝ ရ ဘု ရား မေး တော် မူ သော်၊ စာ တန် က မြေ ကြီး တစ် လျှောက် ပေါ် တွင် လှည့် ပတ် သွား လာ ရာ မှ လာ ရောက် ပါ သည် ဟု ပြန် လျှောက် လေ ၏။ Judson Bible ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်းအမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။ |
“စာရဲ၏ကျွန်မ ဟာဂရ၊ သင်သည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်နည်း”ဟု မေးလေ၏။ သူကလည်း “ကျွန်မသည် ကျွန်မ၏သခင်မ စာရဲထံမှထွက်ပြေးလာပါသည်”ဟု ဖြေလေ၏။
ထာဝရဘုရားက စာတန်အား “သင် ဘယ်အရပ်ကလာသနည်း”ဟု မေးတော်မူလျှင် စာတန်က ထာဝရဘုရားအား “မြေကြီးတစ်ခွင် လှည့်လည်သွားလာရာမှ လာပါသည်”ဟု ပြန်လျှောက်၏။
ဘုရားသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဝင်ရောက်ခစားသောနေ့ရောက်လာပြန်လျှင် စာတန်သည်လည်း သူတို့နှင့်အတူ ထာဝရဘုရားရှေ့တော်သို့ ရောက်လာ၏။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုဖျက်ဆီးရန် သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားလျက်ရှိ၏”ဟု မိန့်ဆို၏။
ငါသည် သင်တို့နှင့် များစွာပြောတော့မည်မဟုတ်။ အကြောင်းမူကား ဤလောကကိုအုပ်ချုပ်သူသည် ရောက်လာတော့မည်။ သူသည် ငါ့အပေါ်၌ မည်သည့်အခွင့်အာဏာမျှမရှိ။
ထိုသူတို့နှင့်ပတ်သက်၍ပြောရလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်း၏အလင်းရောင်ကိုမမြင်စေရန် ဤလောက၏ဘုရားသည် မယုံကြည်သောသူတို့၏စိတ်နှလုံးကို ကွယ်စေ၏။
သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။