သင်တို့သည် ဘဝင်မြင့်၍ ငါကဲ့ရဲ့ခံရသည်ကို ငါ့အား ကဲ့ရဲ့ရှုတ်ချကြ၏။
သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊
မု ချ အား ဖြင့် သင် တို့ သည်၊ ငါ့ တစ် ဘက်၌ ဝါ ကြွား၍၊ အ ရှက် ကို ထုတ် ဖော် ချေ ပ ကြ သော် လည်း၊
သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက်ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊
သူတို့က “သုံ့ပန်းဘဝမှလွတ်မြောက်ကြွင်းကျန်သူတို့သည် နေရင်းပြည်တွင် ဆင်းရဲဒုက္ခကြီးစွာရောက်ပြီး ကဲ့ရဲ့ရှုတ်ချခြင်းကို ခံနေရပါ၏။ ဂျေရုဆလင်မြို့ရိုးလည်း ဖြိုဖျက်ခြင်းခံရပါပြီ၊ မြို့တံခါးများလည်း မီးလောင်ကျွမ်းသွားပါပြီ”ဟု ပြောပြကြ၏။
ငါအမှန်ပင်မှားခဲ့လျှင်လည်း ငါ့အမှားနှင့်ငါသာ ရှိပါစေတော့။
အကျွန်ုပ်ဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်နှင့်ယှဉ်၍ မိမိကိုယ်ကိုချီးမြှောက်သောသူတို့သည် အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းကို ဝတ်ဆင်ကြရပါစေသော။
သို့ဖြစ်၍ “အကျွန်ုပ်ခြေချော်သောအခါ သူတို့သည် အကျွန်ုပ်အကြောင်းကြောင့်ဝမ်းမြောက်ခြင်း၊ အကျွန်ုပ်အပေါ်မိမိကိုယ်ကိုချီးမြှောက်ခြင်း မရှိကြပါစေနှင့်”ဟု အကျွန်ုပ်လျှောက်ပါပြီ။
အကျွန်ုပ်၏ရန်သူသည် အကျွန်ုပ်အပေါ် အောင်ပွဲခံကြွေးကြော်ခွင့်မရသည်ကိုထောက်၍ ကိုယ်တော်သည် အကျွန်ုပ်ကိုနှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။
အမှန်စင်စစ် ငါ့ကိုကဲ့ရဲ့ပြစ်တင်သောသူသည် ရန်သူမဟုတ်။ ဟုတ်လျှင် ငါခံနိုင်ခဲ့ပေလိမ့်မည်။ ငါ့တစ်ဖက်၌ မိမိကိုယ်ကိုချီးမြှောက်သောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် သူမမြင်အောင် ငါပုန်းရှောင်ခဲ့ပေလိမ့်မည်။
သို့သော် ထိုသူမှာ ငါကဲ့သို့သောလူသားတစ်ဦးဖြစ်ပြီး ငါ့အပေါင်းအဖော်၊ ငါ့အသိမိတ်ဆွေဖြစ်သော သင်ပင်ဖြစ်ပါသည်တကား။
ထိုနေ့ရက်၌ မိန်းမခုနစ်ယောက်သည် ယောက်ျားတစ်ယောက်ကိုဖမ်းဆွဲလျက် “ကျွန်မတို့သည် ကိုယ့်အစာကိုယ်စားပါမည်။ ကိုယ့်အဝတ်ကိုယ်ဝတ်ပါမည်။ ကျွန်မတို့ ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန် ကျွန်မတို့ကို သင့်နာမည်ဖြင့်ခေါ်သောအခွင့်ကိုသာ ပြုပါ”ဟု ဆိုကြလိမ့်မည်။
အို အချင်းရန်သူ၊ ငါ့ကြောင့် သင်ဝမ်းမမြောက်နှင့်။ ငါသည် လဲကျသော်လည်း ပြန်ထမည်။ မှောင်မိုက်၌ နေရသော်လည်း ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်။
ဤသည်ကား၊ သူတို့သည် မာနထောင်လွှား၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏လူမျိုးတော်ကို လှောင်ပြောင်ကဲ့ရဲ့သောအပြစ်ဒဏ်တည်း။
ဒါဝိဒ်အမျိုးအနွယ်၊ ဂျေရုဆလင်မြို့သားတို့၏ဂုဏ်ကျက်သရေသည် ယုဒအမျိုးတို့ထက် မကြီးမြတ်စေရန် ထာဝရဘုရားသည် ယုဒအမျိုး၏တဲများကို ဦးစွာကယ်တင်တော်မူမည်။
အဲလစ်ဇဘက်က “ထာဝရဘုရားသည် လူတို့အလယ်၌ ငါခံရသောကဲ့ရဲ့ရှုတ်ချခြင်းကိုဖယ်ရှားရန် ငါ့ကိုမျက်နှာသာပေးတော်မူသည့်နေ့ရက်များ၌ ဤသို့ပြုတော်မူပြီ”ဟု ဆိုလေ၏။
ထိုအခါ တပည့်တော်တို့က “ရဗ္ဗိ၊ မည်သူက အပြစ်ပြုသောကြောင့် ဤသူသည် မျက်မမြင်အဖြစ်မွေးလာရသနည်း။ သူကိုယ်တိုင်လော၊ သို့မဟုတ် သူ၏မိဘလော”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
ဂျူးလူမျိုးတို့ကလည်း “သင်သည် တစ်ကိုယ်လုံးအပြစ်နှင့်ပြည့်နှက်ပြီး မွေးဖွားလာသူဖြစ်လျက်နှင့် ငါတို့ကိုသွန်သင်မည်လော”ဟု ပြန်၍ပြောဆိုကာ သူ့ကို အပြင်သို့နှင်ထုတ်လိုက်ကြ၏။
ထိုသို့ ထာဝရဘုရားသည် ဟန္နအား သန္ဓေတည်ခွင့်ပေးတော်မမူသောကြောင့် သူ၏ပြိုင်ဖက်သည် ဟန္နစိတ်ဆိုးအောင် ဒေါသစိတ်ကို ဆွလေ့ရှိ၏။