ငါ့ဆွေမျိုးသားချင်းတို့သည် ငါ့ကို စွန့်ခွာသွားကြ၏။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို မေ့သွားကြ၏။
ယောဘဝတ္တု။ 19:19 - မြန်မာ့စံမီသမ္မာကျမ်း ငါနှင့်ရင်းနှီးကျွမ်းဝင်သောမိတ်ဆွေအားလုံးတို့သည် ငါ့ကို စက်ဆုပ်ရွံရှာကြ၏။ ငါချစ်သောသူတို့သည် ငါ့ကိုကျောခိုင်းသွားကြ၏။ Common Language Bible ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ၍၊ ငါချစ်သော သူတို့ သည် ငါ့ရန်သူဖြစ်ကြ၏။ Garrad Bible အ ပေါင်း အ ဖော် တို့ သည် ငါ့ ကို ရွံ့ ရှာ လျက်၊ ချစ် ခင် သူ တို့ လည်း စိတ် ပြောင်း လဲ ကြ ပြီ။ Judson Bible ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ၍၊ ငါချစ်သောသူတို့သည် ငါ့ရန်သူဖြစ်ကြ၏။ |
ငါ့ဆွေမျိုးသားချင်းတို့သည် ငါ့ကို စွန့်ခွာသွားကြ၏။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို မေ့သွားကြ၏။
ကလေးသူငယ်များပင်လျှင် ငါ့ကို မထီမဲ့မြင်ပြုကြ၏။ ငါမတ်တတ်ရပ်နေလျှင် ငါ့ကို သရော်ကြ၏။
သင်တို့သည်လည်း အချည်းနှီးဖြစ်ကြ၏။ ကြောက်မက်ဖွယ်အဖြစ်ကိုမြင်ပြီး သင်တို့ကြောက်ရွံ့ကြ၏။
အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
သို့ရာတွင် အို ထာဝရဘုရား၊ အကျွန်ုပ်သည် သူတို့ကိုတုံ့ပြန်နိုင်ရန် ကိုယ်တော်သည် အကျွန်ုပ်ကိုသနားတော်မူ၍ အကျွန်ုပ်ကိုပြန်ထစေတော်မူပါ။
ငါ့မုန့်ကိုစားသော ငါယုံကြည်စိတ်ချခဲ့သည့် ငါ၏မိတ်ဆွေရင်းချာပင်လျှင် ငါ့ကိုဖနောင့်နှင့်ပေါက်လေပြီ။
ထိုသို့သောသူသည် သူ၏မိတ်ဆွေများကို လက်ရောက်ကျူးလွန်၍ သူ၏ပဋိညာဉ်ကို ရှုတ်ချလေပြီ။
ကိုယ်တော်သည် အကျွန်ုပ်၏အသိမိတ်ဆွေများကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါပြီ။ အကျွန်ုပ်ကို သူတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ အကျွန်ုပ်သည် ပိတ်မိနေသဖြင့် မထွက်နိုင်ပါ။
သို့သော် ယေရှုက“ယုဒ၊ သင်သည် လူ့သားကို အနမ်းဖြင့်အပ်နှံမည်လော”ဟု မေးတော်မူ၏။