ဆိုးယုတ်သောသူတို့၏မျက်စိသည် မှုန်ဝါးသွား၍ လွတ်မြောက်ရာလမ်းလည်းရှိလိမ့်မည်မဟုတ်။ သူတို့၏မျှော်လင့်ချက်မှာ သေခြင်းသာဖြစ်လိမ့်မည်”ဟု ဆိုလေ၏။
ယောဘဝတ္တု။ 18:14 - မြန်မာ့စံမီသမ္မာကျမ်း သူခိုလှုံရာတဲထဲမှ သူ့ကိုဆွဲထုတ်ပြီး ထိတ်လန့်ခြင်းဘုရင်ထံသို့ သူ့ကိုခေါ်ဆောင်သွားမည်။ Common Language Bible သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။ Garrad Bible သူ ကိုး စား သော ယာ ယီ တဲ အ တွင်း မှ နုတ် ယူ ခြင်း ကို ခံ၍။ ဘေး မင်း ထံ သို့ သွား ရ လ တ္တံ့။ Judson Bible သူခိုလှုံရာအကြောင်းကို သူ၏နေရာမှပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ရှင်ဘုရင်ထံသို့ ဆောင်သွားရ၏။ |
ဆိုးယုတ်သောသူတို့၏မျက်စိသည် မှုန်ဝါးသွား၍ လွတ်မြောက်ရာလမ်းလည်းရှိလိမ့်မည်မဟုတ်။ သူတို့၏မျှော်လင့်ချက်မှာ သေခြင်းသာဖြစ်လိမ့်မည်”ဟု ဆိုလေ၏။
ကြောက်မက်ဖွယ်အသံများကိုသာ သူ့နားတွင် ကြားနေရ၏။ ငြိမ်းချမ်းနေချိန်တွင်ပင် သူ့ထံ ဖျက်ဆီးခြင်းဘေး ရောက်လာတတ်၏။
သူ၏တဲရှိအလင်းသည် မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဘေးရှိမီးခွက်သည်လည်း ငြိမ်းသွားလိမ့်မည်။
ကျောတွင်စိုက်ဝင်နေသောမြားကိုဆွဲနုတ်သောအခါ သည်းခြေ၌စူးနေသော မြားဦးသည်လည်း ထွက်လာ၍ သူသည် ကြောက်ရွံ့ထိတ်လန့်လျက်နေရလိမ့်မည်။
နံနက်အချိန်သည် သူတို့အဖို့ သေမင်းအရိပ်ကဲ့သို့ဖြစ်၏။ သူတို့သည် ထိတ်လန့်ဖွယ်သောသေမင်းအရိပ်နှင့် အကျွမ်းဝင်ကြ၏။
သူဆောက်ထားသောအိမ်သည် ပိုးအိမ်နှင့် တူ၏။ ကင်းစောင့်ဆောက်သောတဲနှင့် တူ၏။
မာန်တက်သောသတ္တဝါများကို ခပ်မာမာပင် ပြန်ကြည့်တတ်၏။ သားရဲအပေါင်းတို့တွင် သူသည် ရှင်ဘုရင်ပင် ဖြစ်၏”ဟု မုန်တိုင်းထဲမှ မြွက်ဆိုတော်မူ၏။
သူယုံကြည်အားထားသောအရာသည် မတည်တံ့။ သူကိုးစားသောအရာသည်လည်း ပင့်ကူအိမ်မျှသာ ဖြစ်၏။
သင့်ကိုမုန်းသောသူတို့သည် အရှက်ကွဲခြင်းကို ဝတ်ဆင်ရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့၏တဲသည်လည်း ပျောက်ကွယ်သွားလိမ့်မည်”ဟု ဆိုလေ၏။
ဆိုးယုတ်သောသူသည် ထိုအမှုအရာကိုမြင်သောအခါ အမျက်ထွက်၍ အံကြိတ်ကာ ချုံးချုံးကျသွားလိမ့်မည်။ ဆိုးယုတ်သောသူတို့၏အလိုဆန္ဒသည် ပျက်စီးသွားလိမ့်မည်။
အကျွန်ုပ်၏စိတ်နှလုံးသည် အကျွန်ုပ်အထဲ၌ တုန်လှုပ်လျက်နေပါ၏။ သေခြင်းနှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများသည် အကျွန်ုပ်အပေါ်ကျရောက်လာပါ၏။
ဖြောင့်မတ်သောသူတို့မျှော်မှန်းသောအရာသည် ဝမ်းမြောက်ခြင်းဖြစ်၏။ ဆိုးယုတ်သောသူတို့၏မျှော်လင့်ချက်မူကား ပျက်စီးသွားလိမ့်မည်။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
သေခြင်းကိုကြောက်ရွံ့သောသဘော၌ တစ်သက်လုံးကျွန်ခံနေရသောသူတို့ကို လွတ်မြောက်စေရန်ဖြစ်၏။