Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 41:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 မာန်တက်​သော​သတ္တဝါ​များ​ကို ခပ်မာမာ​ပင် ပြန်ကြည့်​တတ်​၏​။ သားရဲ​အပေါင်း​တို့​တွင် သူ​သည် ရှင်ဘုရင်​ပင် ဖြစ်​၏​”​ဟု မုန်တိုင်း​ထဲမှ မြွက်ဆို​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြု တတ်၏။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 မြင့် မြတ် သော အ ရာ ရှိ သ မျှ ကို ကြည့် ဝံ့ လျက်၊ သား ရဲ တ ကာ တို့၏ ဘု ရင် ဖြစ် သ တည်း ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ကြီး​မြင့်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ မာ​န​ထောင်​လွှား​သော​သူ​အ​ပေါင်း​တို့​အ​ပေါ်၌ မင်း​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 41:34
11 ပူးပေါင်းရင်းမြစ်များ  

တန်ခိုး​တော်​ဖြင့် ပင်လယ်ရေ​ကို ငြိမ်သက်​စေ​တော်မူ​၏​။ ဉာဏ်​တော်​အားဖြင့် ရာဟပ်​ကို ချေမှုန်း​တော်မူ​၏​။


ထို​လမ်း​ကို သားရဲ​တို့​လည်း မ​နင်း​ဖူး​၊ ခြင်္သေ့​တို့​လည်း မ​ရောက်​ဖူး​ပေ​။


ထိုအခါ ယောဘ​က ထာဝရဘုရား​အား


ထို့ကြောင့် ကိုယ်တော်​၏​လူမျိုး​တော်​တို့​သည် သူ​တို့​ဘက်​သို့​လှည့်သွား​၍ သူ​တို့​၏​ချမ်းသာကြွယ်ဝ​ခြင်း​ရေ​ကို သောက်​ကြ​၏​။


ထို့ကြောင့် မာန်မာန​သည် သူ​တို့​၏​လည်ဆွဲ​ဖြစ်​၏​။ ရက်စက်ကြမ်းကြုတ်မှု​အဝတ်​သည် သူ​တို့​ကို​လွှမ်းခြုံ​ထား​၏​။


သို့သော် ဖာရော​မင်းကြီး​က “​ထာဝရဘုရား​၏​စကား​ကို​နားထောင်​၍ အစ္စရေး​လူမျိုး​တို့​ကို ငါ​လွှတ်​ရ​မည့်​အကြောင်း ထာဝရဘုရား​ကား မည်သူ​နည်း​။ ထာဝရဘုရား​ကို ငါ​မ​သိ​။ အစ္စရေး​လူမျိုး​တို့​ကို​လည်း ငါ​မ​လွှတ်​”​ဟု ဆို​လေ​၏​။


စပျစ်ဝိုင်​သောက်ကြူးသူ​၊ သေသောက်ကြူး​သူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​သည် အမင်္ဂလာ​ရှိ​၏​။ မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် အမင်္ဂလာ​ရှိ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၊ နိုင်း​မြစ်​ကို​ငါ​ပိုင်​၏​၊ ငါ့​အဖို့ ငါ​ဖန်ဆင်း​ပြီ​ဟု ဆို​လျက် မြစ်ချောင်း​ထဲ​တွင် လဲလျောင်း​နေ​သော​သတ္တဝါကြီး​၊ သင့်​ကို ငါ​ဆန့်ကျင်​မည်​။


ငါ​မြင်​ရ​သော​ထို​သားရဲ​သည် ကျားသစ်​နှင့်​တူ​၏။ သူ​၏​ခြေ​သည် ဝက်ဝံ​ခြေ​ကဲ့သို့​ဖြစ်​ပြီး သူ​၏​ပါးစပ်​သည် ခြင်္သေ့​ပါးစပ်​ကဲ့သို့​ဖြစ်​၏။ နဂါး​သည် မိမိ​၏​တန်ခိုး၊ မိမိ​၏​ပလ္လင်​နှင့် ကြီးမား​သော​အခွင့်​အာဏာ​ကို သူ့​အား​ပေးအပ်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ