ထိတ်လန့်ဖွယ်ရာတို့သည် သူ့ကိုပတ်လည်ဝိုင်း၍ ခြောက်လှန့်ပြီး သူသွားလေရာရာသို့ ထက်ကြပ်မကွာလိုက်လိမ့်မည်။
ယောဘဝတ္တု။ 18:10 - မြန်မာ့စံမီသမ္မာကျမ်း သူ့ကိုထောင်ဖမ်းမည့်ကြိုးကွင်းကို မြေကြီးတွင် ဝှက်ထားလိမ့်မည်။ သူသွားမည့်လမ်းတွင် ထောင်ချောက်ဆင်ထားလိမ့်မည်။ Common Language Bible မြေ၌ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။ Garrad Bible သူ့ ကို ထောင် ရန် မြေ၌ ကွင်း လျှော ကိုလည်း ကောင်း၊ လမ်း၌ ထောင် ချောက် ကိုလည်း ကောင်း၊ ဝှက် ထား လေ ပြီ။ Judson Bible မြေ၌ဂျမ်းကြိုးကို သူ့အဖို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။ |
ထိတ်လန့်ဖွယ်ရာတို့သည် သူ့ကိုပတ်လည်ဝိုင်း၍ ခြောက်လှန့်ပြီး သူသွားလေရာရာသို့ ထက်ကြပ်မကွာလိုက်လိမ့်မည်။
သူ၏ဖနောင့်သည် ကျော့ကွင်း၌ မိလိမ့်မည်။ ညွှတ်ကွင်းသည်လည်း သူ့ကိုဆွဲထားလိမ့်မည်။
ကိုယ်တော်သည် မီးခဲတို့ကို ဆိုးယုတ်သောသူတို့အပေါ် ရွာကျစေတော်မူလိမ့်မည်။ မီး၊ ကန့်နှင့် ပူလောင်သောလေသည် သူတို့ခွက်ဖလားအတွက် ဝေစုဖြစ်လိမ့်မည်။
ထိုမင်းကို ပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ခါလဒဲပြည်၊ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားမည်ဖြစ်သော်လည်း ထိုမြို့ကို သူမြင်ခွင့်ရမည်မဟုတ်။ ထိုမြို့တွင်ပင် သူသေရလိမ့်မည်။
ဒါဝိဒ်ကလည်း “သူတို့၏စားပွဲသည် သူတို့အတွက် ကျော့ကွင်းသော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း၊ မှားယွင်းစေသောအရာသော်လည်းကောင်း၊ လက်တုံ့ပြန်စရာသော်လည်းကောင်း ဖြစ်ပါစေ။