ထိုအကြောင်းကိုကြားလျှင် ငါသည် အတွင်းအင်္ကျီ၊ အပြင်ဝတ်လုံကိုဆွဲဆုတ်ပြီး ဆံပင်၊ မုတ်ဆိတ်တို့ကို ဆွဲနုတ်ကာ လက်မှိုင်ချလျက်ထိုင်နေမိ၏။
ယောဘဝတ္တု။ 17:8 - မြန်မာ့စံမီသမ္မာကျမ်း ဤအဖြစ်ကြောင့် ဖြောင့်မှန်သောသူတို့သည် အံ့ဩထိတ်လန့်ကြပြီ။ အပြစ်မဲ့သောသူတို့သည်လည်း ဘုရားတရားမဲ့သောသူတို့အပေါ် မခံမရပ်နိုင်ဖြစ်ကြပြီ။ Common Language Bible ဖြောင့်မတ်သော သူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သော သူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။ Garrad Bible သ ဘော ဖြောင့် သူ တို့ သည် ထို အ ဖြစ် အ ပျက် ကြောင့် အံ့ အား သင့် လျက်၊ အ ပြစ် ကင်း သော သူ လည်း၊ လူ သ ရော် လူ ပျက် နှင့် ဆန့် ကျင် စိတ် ထ ကြွ လေ၏။ Judson Bible ဖြောင့်မတ်သောသူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သောသူတို့သည် အဓမ္မလူများတစ်ဘက်က ကိုယ်ကိုကိုယ် နှိုးဆော်ကြလိမ့်မည်။ |
ထိုအကြောင်းကိုကြားလျှင် ငါသည် အတွင်းအင်္ကျီ၊ အပြင်ဝတ်လုံကိုဆွဲဆုတ်ပြီး ဆံပင်၊ မုတ်ဆိတ်တို့ကို ဆွဲနုတ်ကာ လက်မှိုင်ချလျက်ထိုင်နေမိ၏။
ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းသာအားရဖြစ်ကြ၏။ အပြစ်ကင်းသောသူသည်လည်း သူတို့အား ပြက်ရယ်ပြု၏။
သို့ဖြစ်၍ ဘုရားတရားမဲ့သောသူသည် အုပ်စိုးခွင့်ရှိတော့မည်မဟုတ်၊ လူတို့ကိုလည်း ထောင်ချောက်ဆင်နိုင်ခွင့်ရှိတော့မည်မဟုတ်။
ဆိုးညစ်သောအမှုကိုပြုသောသူတို့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ မတရားမှုပြုသောသူတို့ကိုမငြူစူနှင့်။
အကြောင်းမူကား ဆိုးယုတ်သောသူတို့ကောင်းစားကြသည်ကိုငါမြင်၍ ဝါကြွားတတ်သောသူတို့ကို ငါငြူစူမိသောကြောင့်ဖြစ်၏။
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။