ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
ယောဘဝတ္တု။ 16:7 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ကိုယ်တော်သည် ငါ့ကို အားအင်ကုန်ခန်းစေတော်မူပြီ။ ငါ့မိသားစုအသိုက်အမြုံအားလုံးကို ဖျက်ဆီးတော်မူပြီ။ Common Language Bible ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။ Garrad Bible ယ ခု မူ ကား၊ ငါ့ ကို မော ပန်း စေ တော် မူ ခဲ့ ပြီ။ အ ကျွန်ုပ်၏ ညာ တ ကာ အ ပေါင်း အ ဖော် တို့ ကို လည်း၊ Judson Bible ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။ |
ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
ငါ့မိတ်ဆွေတို့သည် ငါ့ကို ပြက်ရယ်ပြုကြ၏။ ငါသည် ဘုရားသခင်ရှေ့တော်တွင် မျက်ရည်ကျရပါ၏။
ငါ့ညီအစ်ကိုတို့ကို ငါနှင့် ဝေးကွာစေတော်မူပြီ။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို ကျောခိုင်းသွားကြပြီ။
ထိုနေရာတွင် လူဆိုးတို့ဒုက္ခမပေးနိုင်။ ထိုနေရာတွင် မောပန်းသူတို့ ငြိမ်းချမ်းစွာနေရ၏။
ကိုယ့်ကိုယ်ကိုယ် ရွံ့ရှာမိပါ၏။ ထာဝစဉ်အသက်ရှင်ရမည်လည်း မဟုတ်ပါ။ အကျွန်ုပ်၏နေ့ရက်များလည်း အချည်းနှီးပင်ဖြစ်သောကြောင့် အကျွန်ုပ်ကို ပစ်ထားလိုက်ပါ။
ထိုနည်းတူ ငါသည်လည်း အဓိပ္ပာယ်မဲ့သောလများကိုသာ ဖြတ်သန်းရပြီ။ ငါ့အတွက် ဒုက္ခညများကိုလည်း သတ်မှတ်ထားပြီ။
မောပန်းသောသူအမောပြေစေရန် မည်သို့ပြောဆိုရမည်ကို သိရှိဖို့ ဘုရားရှင်ထာဝရဘုရားသည် ငါ့အား နှုတ်မှုပညာကိုသွန်သင်ပေးတော်မူ၏။ နံနက်တိုင်း ငါ့ကိုနှိုးဆော်တော်မူ၏။ စာသင်သားကဲ့သို့ နားထောင်ဖို့ ငါ့ကိုနှိုးဆော်တော်မူ၏။
“သို့ဖြစ်၍ ငါသည် သင့်ကို ဖျားနာခြင်းဖြင့် ဒဏ်ခတ်မည်။ သင့်အပြစ်များကြောင့် သင့်ကို ဖျက်ဆီးပစ်မည်။