ယောဘဝတ္တု။ 15:35 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အခက်အခဲပြဿနာကို သန္ဓေတည်၍ အပြစ်ဒုစရိုက်ကို မွေးဖွား၏။ သူတို့၏ဝမ်းသည် လိမ်လည်လှည့်ဖြားခြင်းအတွက် အသင့်ရှိတတ်၏”ဟု ဆိုလေ၏။ Common Language Bible ထိုသူတို့သည်မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကိုဘွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌မုသာကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။ Garrad Bible ထို သူ တို့ သည်၊ မ ကောင်း သော အ ကြံ ကို သ န္ဓေ ယူ၍၊ လှည့် စား ခြင်း ကို ကိုယ် ဝန် ဆောင် လက်၊ ဒု ရိုက် ကို ဖွား မြင် တတ် သည် ဟု မြွက် ဆို၏။ Judson Bible ထိုသူတို့သည် မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကိုဖွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌ မုသားကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။ |
ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
ဆင်းရဲဒုက္ခသည် မြေမှုန့်ထဲမှ ပေါ်ထွက်လာသည်မဟုတ်။ အခက်အခဲပြဿနာသည်လည်း မြေကြီးထဲမှ ပေါ်ပေါက်လာသည်မဟုတ်။
ကြည့်ရှုလော့။ ထိုသူသည် အပြစ်ဒုစရိုက်ကိုသန္ဓေလွယ်၍ အခက်အခဲပြဿနာကို ကိုယ်ဝန်ဆောင်ကာ မုသားကိုမွေးဖွားလေပြီ။
အကြောင်းမူကား သူတို့၏စိတ်နှလုံးသည် အကြမ်းဖက်မှုကို ကြံစည်တတ်၏။ သူတို့၏နှုတ်ခမ်းသည်လည်း ပြဿနာဖြစ်စေသောစကားကို ပြောဆိုတတ်၏။
သင်တို့သည် ဆိုးယုတ်မှုကို စိုက်ပျိုးသောကြောင့် မတရားမှုကိုရိတ်သိမ်းရ၏။ မုသားအသီးကို စားရ၏။ အကြောင်းမှာ ကိုယ့်နည်းလမ်း၊ ကိုယ့်စစ်သူရဲအလုံးအရင်းကိုသာ ယုံကြည်အားကိုးကြ၏။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။
ထိုအခါ တပ်မက်ခြင်းသည် သန္ဓေတည်၍ အပြစ်ကိုဖွားမြင်ပြီး အပြစ်သည် ကြီးပြင်းရင့်မာသောအခါ သေခြင်းကိုဖြစ်ပွားစေ၏။