ထိုသို့ သက်ကြီးဝါကြီးတို့အား ပြောဆိုနေစဉ် တမန်သည် သူတို့ထံရောက်လာ၍ ဧလိရှဲက “ဤကပ်ဘေးသည် ထာဝရဘုရားထံတော်မှ လာခြင်းဖြစ်၏။ အဘယ်ကြောင့် ထာဝရဘုရားကို စောင့်နေရဦးမည်နည်း”ဟု ဆို၏။
ယောဘဝတ္တု။ 15:22 - မြန်မာ့စံမီသမ္မာကျမ်း အမှောင်ထဲမှ ပြန်လှည့်လာနိုင်မည်ဟု သူမယုံနိုင်။ ဓားသည်လည်း သူ့ကိုစောင့်ကြိုနေ၏။ Common Language Bible မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။ Garrad Bible မှောင် မိုက် သော ဘေး မှ မ လွတ်၊ ဓား ဘေး အ သင့် စောင့် နေ သည် ဟု ထင် သည် နှင့်၊ Judson Bible မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မျှော်လင့်စရာမရှိ။ ဓားသည် သူ့ကို ချောင်းမြောင်းလျက်ရှိ၏။ |
ထိုသို့ သက်ကြီးဝါကြီးတို့အား ပြောဆိုနေစဉ် တမန်သည် သူတို့ထံရောက်လာ၍ ဧလိရှဲက “ဤကပ်ဘေးသည် ထာဝရဘုရားထံတော်မှ လာခြင်းဖြစ်၏။ အဘယ်ကြောင့် ထာဝရဘုရားကို စောင့်နေရဦးမည်နည်း”ဟု ဆို၏။
သူက ‘အဘယ်မှာနည်း’ဟု ဆိုလျက် စားစရာကိုလှည့်လည်ရှာဖွေ၏။ မှောင်မိုက်သောနေ့ရက်သည်လည်း သူ၏လက်တစ်ကမ်းတွင် ရှိနေကြောင်းကို သူသိ၏။
သူသည် အမှောင်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။ မီးလျှံသည် သူ့အညွန့်တို့ကို ခြောက်သွေ့စေလိမ့်မည်။ နှုတ်တော်မှထွက်သက်လေတစ်ချက်တည်းဖြင့် သူသည် ကွယ်ပျောက်သွားရလိမ့်မည်။
အမျက်တော်သည် ဓားဘေးဖြင့် ဒဏ်ခတ်တတ်သည်ဖြစ်၍ သင်တို့ကသာ ဓားဘေးကို ကြောက်ကြလော့။ ဤသို့ တရားစီရင်ခြင်းရှိသည်ကို သင်တို့သိမှတ်ကြလော့”ဟု ဆိုလေ၏။
သူ၌ သားသမီးများစွာရှိလျှင်လည်း ဓားစာသာ ဖြစ်သွားမည်။ သူ့သားမြေးတို့သည်လည်း ဘယ်သောအခါမျှ အစာရေစာလုံလောက်မည်မဟုတ်။
သူ၏စိတ်ဝိညာဉ်ကို သေတွင်းနှင့်လည်းကောင်း၊ သူ့အသက်ကို ဖျက်ဆီးမည့်ဓားဘေးနှင့်လည်းကောင်း ကင်းဝေးစေတော်မူ၏။
မနာခံလျှင် သူတို့သည် ဓားဘေးဖြင့် ပျက်စီးဆုံးရှုံး၍ အသိပညာမဲ့လျက် သေသွားရလိမ့်မည်။
မည်သည့်ခွန်အားဖြင့် ငါစောင့်မျှော်နေရမည်နည်း။ ငါစိတ်ရှည်သည်းခံရအောင် ငါ့ဘဝနိဂုံးကား မည်သို့နည်း။
ငါခေါ်၍ ကိုယ်တော်ပြန်ထူးလျှင်ပင် ငါ့အသံကို နားညောင်းတော်မူသည်ဟု ငါမယုံနိုင်ပါ။
ထိုအခါ သူသည် ထိုငွေကို ဗိမာန်တော်ထဲ၌ပစ်ချပြီး ထွက်သွားလေ၏။ ထို့နောက် အခြားသို့သွား၍ ကြိုးဆွဲချသေလေ၏။