ယောဘဝတ္တု။ 15:12 - မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့် သင့်စိတ်အလိုကို သင်လိုက်ရသနည်း။ အဘယ်ကြောင့် သင့်မျက်လုံးများအရောင်တောက်နေရသနည်း။ Common Language Bible ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။ Garrad Bible သင် သည် ဘု ရား သ ခင် အား မျက် မုန်း ကြိုး၍၊ စ ကား များ ကို ထို သို့ နှုတ် မြွက် စေ ရန်၊ မျက် ဆံ ပြူး လျက်၊ ကိုယ့် စိတ် နှင့် ကိုယ် ကို အ ဘယ့် ကြောင့် သွေး ဆောင် သ နည်း။ Judson Bible ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။ |
အကယ်စင်စစ် လှောင်ပြောင်သူတို့သည် ငါ့ကို ဝိုင်းရံလျက်ရှိ၏။ သူတို့လှောင်ပြောင်ထေ့ငေါ့သည်ကို ငါကြည့်နေရပါ၏။
ဘုရားတရားမဲ့သူတို့မူကား အမျက်ထွက်၍ စိတ်တွင်အငြိုးထားတတ်ကြ၏။ ကိုယ်တော်ချုပ်နှောင်တော်မူလျှင်ပင် အကူအညီအော်ဟစ်တောင်းခံခြင်းကို မပြုကြ။
လှည့်ဖြားတတ်သောအကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။ အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည်လည်း မျက်စိမှိတ်ပြရသောအခွင့်မရကြပါစေနှင့်။
မျက်စိကိုမှိတ်ပြလျက်၊ ခြေဖြင့်အမှတ်ပြုလျက်၊ လက်ချောင်းတို့ဖြင့်အချက်ပေးလျက်၊
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
ထို့ကြောင့် သင်၌ရှိသော ဤမကောင်းမှုအတွက် နောင်တရလျက် သခင်ဘုရားထံဆုတောင်းလော့။ သို့ပြုလျှင် သင့်စိတ်နှလုံး၏အကြံအစည်အတွက် သင်သည် ခွင့်လွှတ်ခြင်းခံရကောင်းခံရလိမ့်မည်။