ထိုအခါ ခေနာနာ၏သားဇေဒကိသည် မိက္ခာယအနားသို့လာပြီး ပါးကိုရိုက်၏။ ထို့နောက် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သင်နှင့်စကားပြောရန် ငါ့ထံမှ မည်သည့်အချိန်က ထွက်သွားသနည်း”ဟု မေး၏။
ယောဘဝတ္တု။ 15:11 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏နှစ်သိမ့်မှုနှင့် ညင်သာစွာပြောဆိုမှုတို့သည် သင့်အဖို့ မလုံလောက်သေးသလော။ Common Language Bible သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ဝှက်ထားသောအမှု တစုံတခုရှိသလော။ Garrad Bible ဘု ရား သ ခင် နှင့် စပ် လျဉ်း ရာ နှစ် သိမ့် ခြင်း စ ကား မှ စ၍၊ ဖြည်း ညှင်း သော စ ကား များ သည်၊ သင့် အ ဖို့ မ လောက် ပါ သ လော။ Judson Bible သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ ဝှက်ထားသောအမှု တစ်စုံတစ်ခုရှိသလော။ |
ထိုအခါ ခေနာနာ၏သားဇေဒကိသည် မိက္ခာယအနားသို့လာပြီး ပါးကိုရိုက်၏။ ထို့နောက် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သင်နှင့်စကားပြောရန် ငါ့ထံမှ မည်သည့်အချိန်က ထွက်သွားသနည်း”ဟု မေး၏။
ဘုရားသခင်၏အစည်းအဝေးကို သင်တက်ရောက်ကြားနာဖူးသလော။ ဉာဏ်ပညာကို ကိုယ့်အတွက်ကိုယ် ကန့်သတ်ထားရှိသလော။
နှုတ်တော်ထွက်ပညတ်တော်တို့ကို ငါမပယ်၊ နှုတ်တော်ထွက်စကားတော်တို့ကို အစားအစာထက် ပို၍နှစ်သက်ပါ၏။
သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။
သင့်ကိုလည်း ဆင်းရဲတွင်းထဲမှ အတိုင်းမသိကျယ်ဝန်းရာသို့ ဆောင်ယူတော်မူ၏။ သင့်အဖို့ စားပွဲပေါ်တွင် အဆီအနှစ်နှင့်ပြည့်သောအစာကို တည်ခင်းပေးထားတော်မူ၏။
သို့မှ ငါခံစားရသက်သာလိမ့်မည်။ မညှာမတာခံစားရသောဝေဒနာများထဲမှ ဝမ်းမြောက်မိပါလိမ့်မည်။ ငါသည် သန့်ရှင်းသောအရှင်၏စကားတော်ကို မငြင်းဆန်ခဲ့ပါ။
ငါသည် ဘုရားသခင်ကိုအောက်မေ့၍ မငြိမ်မသက်ဖြစ်၏။ ငါတွေးတောဆင်ခြင်သောအခါ ငါ၏စိတ်ဝိညာဉ်သည် ညှိုးငယ်၏။(စေလာ)
သို့သော် အားငယ်သောသူတို့ကိုနှစ်သိမ့်တော်မူသောဘုရားသခင်သည် တိတုရောက်ရှိလာခြင်းအားဖြင့် ငါတို့ကိုနှစ်သိမ့်ပေးတော်မူ၏။