အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အိတ်ထဲ၌ချိပ်ပိတ်ထား၍ အကျွန်ုပ်၏ဒုစရိုက်ကို ဖုံးကွယ်ထားတော်မူပါ၏။
ယောဘဝတ္တု။ 14:18 - မြန်မာ့စံမီသမ္မာကျမ်း တောင်သည် ပြိုလဲပြီးလျှင် တစ်စစီဖြစ်သွားတတ်ပါ၏။ ကျောက်ဆောင်သည်လည်း မိမိနေရာမှ ရွေ့သွားတတ်ပါ၏။ Common Language Bible ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။ Garrad Bible မု ချ ဆို သော်၊ ပြို လဲ သော တောင် ပျက် ပြုန်း လျက်၊ Judson Bible ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သော ကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။ |
အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အိတ်ထဲ၌ချိပ်ပိတ်ထား၍ အကျွန်ုပ်၏ဒုစရိုက်ကို ဖုံးကွယ်ထားတော်မူပါ၏။
ကျောက်တုံးများကို ရေတိုက်စားသွားသကဲ့သို့၊ မြေကြီးများလည်း ရေစီးနှင့်မျောပါသွားသကဲ့သို့ ကိုယ်တော်သည် လူ၏မျှော်လင့်ချက်ကို ဖျက်ဆီးတော်မူ၏။
သင်အမျက်ထွက်၍ သင့်ကိုယ်သင် ဆွဲဆုတ်ပစ်လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်းသွားရမည်လော။ ကျောက်ဆောင်လည်း နေရာမှရွေ့ပေးရမည်လော။
ရေကို လက်ခုပ်ဖြင့် ခြင်တွယ်သောသူ၊ ကောင်းကင်ကို လက်ဖြင့်တိုင်းထွာသောသူ၊ မြေမှုန့်ကို ခြင်တောင်းဖြင့်ချင့်သောသူ၊ တောင်ကြီးကို ကတ္တားဖြင့်လည်းကောင်း၊ တောင်ငယ်ကို ချိန်ခွင်ဖြင့်လည်းကောင်း ချိန်တွယ်သောသူကား မည်သူနည်း။
တောင်ကြီးတို့သည်ရွေ့သွား၍ တောင်ငယ်တို့သည် တုန်လှုပ်ကြလျှင်လည်း ငါ၏မေတ္တာကရုဏာသည် သင့်ထံမှမရွေ့ရ။ ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ငါ၏ပဋိညာဉ်သည်လည်း မရွေ့ရ”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် မိုးကောင်းကင်ကိုဆုတ်ဖြဲ၍ ဆင်းသက်တော်မူလျှင် တောင်တို့သည် ကိုယ်တော်၏ရှေ့တော်တွင် လှုပ်ကြပါလိမ့်မည်။
ငါသည် တောင်ကြီးတို့ကိုကြည့်လိုက်သော် ၎င်းတို့သည် တုန်ခါလျက်၊ တောင်ငယ်ရှိသမျှလည်း လှုပ်ယမ်းလျက်နေ၏။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။
ကောင်းကင်သည်လည်း စာလိပ်ကိုလိပ်လိုက်သကဲ့သို့ ပျောက်လွင့်သွား၍ တောင်နှင့်ကျွန်းရှိသမျှတို့သည် မိမိတို့နေရာမှရွေ့သွားကြ၏။
ဒုတိယကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ မီးတောက်လောင်နေသည့် ကြီးမားသောတောင်ကဲ့သို့သောအရာသည် ပင်လယ်ထဲသို့ပစ်ချခြင်းခံရ၏။ ထိုအခါ ပင်လယ်သုံးပုံတစ်ပုံသည် သွေးဖြစ်သွားသဖြင့်