ယောဘဝတ္တု။ 13:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ပြုလျှင် ငါ့အတွက် ကယ်တင်ခြင်းအကြောင်းဖြစ်လိမ့်မည်။ အကြောင်းမူကား ဘုရားတရားမဲ့သောသူတို့သည် ဘုရားသခင်ရှေ့တော်သို့ ဝင်ခွင့်မရှိ။ Common Language Bible ထိုသို့ပြုလျှင် ငါ၏ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့မဝင်ရ။ Garrad Bible လူ သ ရော် လူ ပျက် တို့ လည်း၊ ရှေ့ တော် သို့ မ ဝင် နိုင် ကြ သည် ကို ထောက် ချင့်၍၊ ငါ သည် ကယ် တင် ရေး ကယ် တင် ခွင့် ရ လိမ့် မည်။ Judson Bible ထိုသို့ပြုလျှင် ငါ၏ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့မဝင်ရ။ |
ထိုအရပ်တွင် ဖြောင့်မှန်သောသူတို့ လျှောက်လဲခွင့်ရှိ၏။ ငါ့ကိုစီရင်သောအရှင်သည် ငါ့ကိုထာဝရလွတ်မြောက်ခွင့်ပေးလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်သည် လူသွားသောလမ်းတို့ကို စောင့်ကြည့်၍ သူ့ခြေလှမ်းတိုင်းကို မြင်တော်မူ၏။
ဘုရားတရားမဲ့သူတို့မူကား အမျက်ထွက်၍ စိတ်တွင်အငြိုးထားတတ်ကြ၏။ ကိုယ်တော်ချုပ်နှောင်တော်မူလျှင်ပင် အကူအညီအော်ဟစ်တောင်းခံခြင်းကို မပြုကြ။
ဘုရားသခင်ကိုမေ့လျော့သောသူအပေါင်းတို့၏လမ်းခရီးသည်လည်း ထိုနည်းတူဖြစ်၏။ ဘုရားတရားမဲ့သောသူ၏မျှော်လင့်ခြင်းသည်လည်း ပျက်စီးရလိမ့်မည်။
ထာဝရဘုရားသည် ငါ၏ခွန်အားနှင့်တေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၍ အကျွန်ုပ်ကိုကယ်တင်သောအရှင် ဖြစ်တော်မူသောကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
ဇိအုန်မြို့ရှိအပြစ်သားတို့သည် ကြောက်ရွံ့ကြလေပြီ။ ထိတ်လန့်တုန်လှုပ်ခြင်းသည် ဘုရားတရားမဲ့သူတို့ကို လွှမ်းမိုးလေပြီ။ သူတို့က “ငါတို့တွင် မည်သူသည် တောက်လောင်သောမီးထဲ၌ နေနိုင်သနည်း။ ငါတို့တွင် မည်သူသည် ထာဝရမီးတောက်ထဲ၌ နေနိုင်သနည်း”ဟု ဆိုကြ၏။
အကယ်စင်စစ် တောင်ကြီး၊ တောင်ငယ်များပေါ်မှ ဆူညံသောအသံသည် လှည့်ဖြားခြင်းသာဖြစ်၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။
အကြောင်းမူကား သခင်ဘုရားက ‘သင်တို့သည် ကယ်တင်ခြင်းကျေးဇူးကို မြေကြီးစွန်းတိုင်အောင် ရောက်ရှိစေရန် ငါသည် သင်တို့ကို လူမျိုးခြားတို့အတွက် အလင်းအဖြစ် ခန့်ထားပြီ’ဟူ၍ ငါတို့အား မိန့်မှာတော်မူ၏”ဟု ဆိုလေ၏။