မြည်းရိုင်းသည် လူကိုမွေးထုတ်သောအခါမှသာ ပညာမဲ့သောသူသည် ပညာရှိဖြစ်လာနိုင်လိမ့်မည်။
ယောဘဝတ္တု။ 12:2 - မြန်မာ့စံမီသမ္မာကျမ်း “သင်တို့သည် လူဖြစ်၍ သင်တို့သေလျှင် ဉာဏ်ပညာသည်လည်း သင်တို့နှင့်အတူ သေသွားလိမ့်မည်မှာ ယုံမှားဖွယ်မရှိ။ Common Language Bible သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဥာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။ Garrad Bible သင် တို့ နှင့် တ ကွ၊ ဉာဏ် ပ ညာ ပါ၊ တိမ် ကော လိမ့် တ ကား။ Judson Bible သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဉာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။ |
မြည်းရိုင်းသည် လူကိုမွေးထုတ်သောအခါမှသာ ပညာမဲ့သောသူသည် ပညာရှိဖြစ်လာနိုင်လိမ့်မည်။
“မြားမြောင်သောစကားတို့အတွက် ပြန်မပြောဘဲနေရမည်လော။ အပြောကောင်းသောသူကို ဖြောင့်မတ်သည်ဟုဆိုရမည်လော။
ပြီးပြည့်စုံသောဉာဏ်ပညာသည် အသွားနှစ်ဖက်ပါသည်ဖြစ်၍ ဉာဏ်ပညာ၏လျှို့ဝှက်ချက်ကို သင့်အား ဖော်ပြတော်မူပါစေ။ ဘုရားသခင်သည် သင့်အပြစ်များကို မေ့လျော့တော်မူကြောင်း သိမှတ်လော့။
“ပညာရှိသောသူသည် အသိပညာမဲ့သောအချည်းနှီးစကားဖြင့် ပြန်ပြောသင့်သလော။ သူ၏ဝမ်းစာကို အရှေ့လေဖြင့် ဖြည့်သင့်သလော။
သင်တို့အားလုံး ထပ်လာ၍ ငြင်းခုံကြ။ သင်တို့တွင် ပညာရှိဟူ၍တစ်ယောက်မျှ ငါတွေ့ရမည်မဟုတ်။
ကိုယ်တော်သည် သူတို့စိတ်ကို အသိဉာဏ်နှင့်ကင်းစေတော်မူပြီ။ သူတို့ကို ချီးမြှောက်တော်မူမည်မဟုတ်။
ငါ့အား ပြစ်တင်ရှုတ်ချသောစကားကို ကြားရ၏။ ထို့ကြောင့် ငါနားလည်သလို ငါပြန်ပြောမည်။
ဉာဏ်ပညာမရှိသောသူကို သင်မည်သို့အကြံပေးလိုက်သနည်း။ ကိုယ့်အတတ်ပညာကို ကိုယ်အစွမ်းကုန်ပြသလိုက်ပါပြီတကား။
ချမ်းသာသောသူသည် ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု ထင်မြင်တတ်၏။ သို့သော် အသိဉာဏ်ရှိသောဆင်းရဲသားသည် သူ့ကိုစစ်ကြောလိမ့်မည်။
မိမိကိုယ်မိမိပညာရှိသူ၊ အသိဉာဏ်ရှိသူဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
ငါတို့သည် ခရစ်တော်အတွက် မိုက်မဲသောသူဖြစ်ကြ၏။ သင်တို့မူကား ခရစ်တော်၌ ပညာသတိရှိသောသူဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူဖြစ်ကြ၏။ သင်တို့မူကား ခွန်အားကြီးသောသူဖြစ်ကြ၏။ သင်တို့သည် ဂုဏ်သရေရှိသောသူဖြစ်ကြ၏။ ငါတို့မူကား ဂုဏ်သရေမဲ့သောသူဖြစ်ကြ၏။
သင်တို့ကိုအရှက်ရစေရန် ဤသို့ ငါဆို၏။ သင်တို့အထဲတွင် မိမိ၏ညီအစ်ကိုအချင်းချင်းကြား စီရင်ဆုံးဖြတ်ပေးနိုင်မည့် ပညာရှိတစ်စုံတစ်ဦးမျှမရှိသလော။