ယောရှဖတ်မင်းကြီး၏နိုင်ငံတော်ဝန်းကျင်အရပ်ရပ်တို့၌ သူ၏ဘုရားသခင်သည် ငြိမ်းချမ်းခြင်းကို ပေးတော်မူသဖြင့် နိုင်ငံတော်အေးချမ်းသာယာလျက်ရှိ၏။
ယောဘဝတ္တု။ 11:19 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ခြောက်လှန့်မည့်သူမရှိဘဲ လဲလျောင်းရလိမ့်မည်။ လူများစွာတို့သည် သင်၏မျက်နှာသာပေးမှုကို လိုချင်ကြလိမ့်မည်။ Common Language Bible အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည်။ Garrad Bible ထိတ် လန့် ရာ မဲ့ လဲ လျောင်း ရ၍၊ လူ အ များ တို့ လည်း သင့် ကို ခ ယ ကြ လိမ့် မည်။ Judson Bible အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည်။ |
ယောရှဖတ်မင်းကြီး၏နိုင်ငံတော်ဝန်းကျင်အရပ်ရပ်တို့၌ သူ၏ဘုရားသခင်သည် ငြိမ်းချမ်းခြင်းကို ပေးတော်မူသဖြင့် နိုင်ငံတော်အေးချမ်းသာယာလျက်ရှိ၏။
မျှော်လင့်ချက်ရှိသည်ဖြစ်၍ စိတ်အေးလက်အေးနေရလိမ့်မည်။ သင့်ပတ်ဝန်းကျင်ကိုကြည့်လျှင် လုံခြုံမှုရှိသည်ဖြစ်၍ နှစ်ခြိုက်စွာအိပ်ရလိမ့်မည်။
စောစောထလျက်၊ ညဥ့်နက်မှအိပ်လျက်၊ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်စားသောက်လျက်နေခြင်းသည် သင့်အတွက် အချည်းနှီးဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်တော်မူသောသူအား အိပ်စက်ရသောအခွင့်ကိုပေးတော်မူ၏။
အကျွန်ုပ်သည် ငြိမ်းချမ်းစွာလဲလျောင်း၍ အိပ်ပျော်ပါမည်။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် အကျွန်ုပ်အား ဘေးကင်းလုံခြုံစွာနေထိုင်ရသောအခွင့်ကို ပေးတော်မူပါ၏။
တိုင်ရာမြို့၏သမီးသည် လက်ဆောင်ပဏ္ဏာပါလျက်လာ၍ လူတို့ထဲမှချမ်းသာသောသူတို့သည် သင့်ထံမျက်နှာရရန် ကြိုးစားကြလိမ့်မည်။
များစွာသောသူတို့သည် မင်းအရာရှိထံမှမျက်နှာရရန်ကြိုးစားတတ်ကြ၏။ လူတိုင်းသည်လည်း လက်ဆောင်ပေးသောသူနှင့်မိတ်ဆွေဖြစ်တတ်ကြ၏။
သင်အိပ်သောအခါ ကြောက်ရွံ့ခြင်းမရှိရ။ သင်အိပ်သောအခါ နှစ်ခြိုက်စွာအိပ်စက်ရလိမ့်မည်။
အာရော်မြို့ရွာများသည် စွန့်ပစ်ခြင်းခံရ၍ တိရစ္ဆာန်အုပ်တို့နေစရာဖြစ်လိမ့်မည်။ တိရစ္ဆာန်တို့သည် ခြောက်လှန့်မည့်သူမရှိဘဲ ထိုနေရာတွင် အိပ်ရလိမ့်မည်။
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
သူတို့သည် လူမျိုးတကာတို့၏သားကောင် ဖြစ်တော့မည်မဟုတ်။ ထိုပြည်ရှိသားရဲတိရစ္ဆာန်တို့လည်း သူတို့ကို ကိုက်စားကြတော့မည်မဟုတ်။ ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ကိုခြိမ်းခြောက်မည့်သူ ရှိတော့မည်မဟုတ်။
ငါသည် ထိုပြည်၌ ငြိမ်းချမ်းမှုရှိစေသဖြင့် သင်တို့အိပ်သောအခါ မည်သူမျှ သင်တို့ကို ကြောက်ရွံ့တုန်လှုပ်အောင် လုပ်လိမ့်မည်မဟုတ်။ ငါသည် ဘေးအန္တရာယ်ပေးတတ်သော တောရိုင်းတိရစ္ဆာန်တို့ကို ထိုပြည်ထဲမှ ဖယ်ရှားမည်။ သင်တို့ပြည်သည် ဓားဘေးနှင့် ကြုံတွေ့ရလိမ့်မည်မဟုတ်။
လူတို့သည် မိမိတို့၏စပျစ်ပင်၊ သဖန်းပင်တို့အောက်တွင် ထိုင်ကြလိမ့်မည်။ သူတို့ကို ခြိမ်းခြောက်မည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။ ထိုသို့ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား နှုတ်မြွက်တော်မူပြီ။
ကြွင်းကျန်သောအစ္စရေးလူမျိုးတို့သည် မတရားမှုကိုမပြု၊ လိမ်လည်၍မပြော၊ သူတို့နှုတ်၌ လှည့်စားတတ်သောလျှာလည်း ရှိမည်မဟုတ်။ သူတို့သည် ခြိမ်းခြောက်မည့်သူမရှိဘဲ စားသောက်လျက်၊ လဲလျောင်းလျက် နေရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။