အဘယ်ကြောင့် အကျွန်ုပ်ကို အမိဝမ်းထဲမှ ထွက်လာစေသနည်း။ မည်သူမျှမမြင်ရမီ အကျွန်ုပ်သေခဲ့သင့်ပါ၏။
ယောဘဝတ္တု။ 10:19 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် အကျွန်ုပ်သည် တစ်ခါမျှမရှိခဲ့ဖူးသောသူကဲ့သို့ဖြစ်၍ အမိဝမ်းထဲမှ သင်္ချိုင်းသို့တစ်ခါတည်းရောက်သွားမည်ဖြစ်၏။ Common Language Bible ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ်၍၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ၏။ Garrad Bible မ ဖြစ် သ ကဲ့ သို့ ဖြစ် လျက် ဝမ်း မှ ပင် သင်္ချိုင်း သို့ ပို့ ခဲ့ ရ လေ ပြီ။ Judson Bible ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ်၍၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ၏။ |
အဘယ်ကြောင့် အကျွန်ုပ်ကို အမိဝမ်းထဲမှ ထွက်လာစေသနည်း။ မည်သူမျှမမြင်ရမီ အကျွန်ုပ်သေခဲ့သင့်ပါ၏။
အကျွန်ုပ်၏နေ့ရက်တို့သည် တိုတောင်းသည်မဟုတ်လော။ ရပ်တန့်တော်မူပါ။ တစ်ခဏလေးပျော်ရွှင်နိုင်ရန် အကျွန်ုပ်တစ်ယောက်တည်းနေပါရစေ။
ငါ့မျက်နှာကို အမှောင်ထုကြီး ဖုံးလွှမ်းနေ၍ ငါ့ရှေ့တွင် အမှောင်ထုကာနေသော်လည်း ငါနှုတ်ဆိတ်နေမည်မဟုတ်ပါ။
ငါသည် မွေးစကပင် အဘယ်ကြောင့် မသေရသနည်း။ အမိဝမ်းထဲကထွက်လာစဉ်ကပင် အဘယ်ကြောင့် အသက်မချုပ်ငြိမ်းရသနည်း။
သို့မဟုတ် ငါသည် မြေမြှုပ်ခံရသည့်အသေမွေးသောကလေးကဲ့သို့လည်းကောင်း၊ အလင်းမမြင်လိုက်ရသောကလေးကဲ့သို့လည်းကောင်း အဘယ်ကြောင့် မဖြစ်ရသနည်း။
သူတို့သည် သွားရင်းလာရင်း အကျိအချွဲဖြစ်သွားသော ပက်ကျိကဲ့သို့လည်းကောင်း၊ နေရောင်ကိုမတွေ့မြင်ရသည့် အသေမွေးသောကလေးကဲ့သို့လည်းကောင်း ဖြစ်ကြပါစေ။
ငါ့ကို အမိဝမ်းထဲကပင် သတ်ခဲ့သင့်၏။ သို့ပြုလျှင် မိခင်၏ဝမ်းသည် ငါ၏သင်္ချိုင်း၊ ငါ့ကို အစဉ်ကိုယ်ဝန်ဆောင်ရာနေရာ ဖြစ်လိမ့်မည်။