အကျွန်ုပ်အပြစ်ပြုမိလျှင် ကိုယ်တော်မှတ်တော်မူပြီး အပြစ်မှကင်းလွတ်ခွင့်ကို အကျွန်ုပ်အား ပေးတော်မူမည်မဟုတ်။
ယောဘဝတ္တု။ 10:13 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အကျွန်ုပ်၌ ဖြစ်နေသည့်အမှုတို့သည် ကိုယ်တော့်စိတ်ထဲမှ တိတ်တဆိတ်ကြံစည်ခြင်းများဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ Common Language Bible ယခုရောက်သောအမှုတို့ကိုလည်း၊ နှလုံးတော်၌သိုထား၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိပါ၏။ Garrad Bible ဖြစ် ပျက် သ မျှ ကို စိတ် တော်၌ သို ထား တော် မူ လျက် ရှိ ကြောင်း၊ အ ကျွန်ုပ် သိ လှ ပါ၏။ Judson Bible ယခုရောက်သောအမှုတို့ကိုလည်း၊ နှလုံးတော်၌သိုထား၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်းကို အကျွန်ုပ်သိပါ၏။ |
အကျွန်ုပ်အပြစ်ပြုမိလျှင် ကိုယ်တော်မှတ်တော်မူပြီး အပြစ်မှကင်းလွတ်ခွင့်ကို အကျွန်ုပ်အား ပေးတော်မူမည်မဟုတ်။
သို့သော် ကိုယ်တော်သည် ပြောင်းလဲခြင်းမရှိ။ ကိုယ်တော်ကို မည်သူမျှ ပြောင်းလဲအောင်မပြုနိုင်။ စိတ်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါ၏။
ငါ့အဖို့ ကြံရွယ်ထားသောအရာကို ပြုတော်မူလိမ့်မည်။ ထိုသို့ ပြုတော်မူမည့်အရာ များစွာရှိသေး၏။
မြောက်ဘက်တွင် အလုပ်လုပ်တော်မူသည်ဟုဆိုသော်လည်း ငါမတွေ့ရ။ တောင်ဘက်သို့လှည့်တော်မူပြီဟုဆိုပြန်သော်လည်း ငါမမြင်ရပါတကား။
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကယ်တင်ရှင်၊ အကယ်စင်စစ် ကိုယ်တော်သည် လျှို့ဝှက်နက်နဲသောဘုရား ဖြစ်တော်မူ၏။
ငါသည် အလင်းကိုပုံဖော်ဖန်ဆင်း၏၊ အမှောင်ကိုလည်းဖန်ဆင်း၏။ ငြိမ်းချမ်းမှုကိုဖြစ်စေ၏၊ ဘေးအန္တရာယ်ကိုလည်း ဖြစ်ပေါ်စေ၏။ ဤအရာအားလုံးတို့ကို ငါထာဝရဘုရား စီရင်၏။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။
ငါသာလျှင် ဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် အသက်ကိုသေစေနိုင်၏၊ ရှင်စေနိုင်၏။ ငါသည် ဒဏ်ရာရစေနိုင်၏၊ ပျောက်ကင်းစေနိုင်၏။ မည်သူမျှ ငါ့လက်မှ မလွတ်မြောက်နိုင်။