ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်း သောအပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရ မည်။
ငါ အ သက် ရှင် ခြင်း ကို စိတ်၌ စက် ဆုပ် လျက် ရှိ၏။ ညည်း တွား ခြင်း ကို ပြု မြဲ ပြု၍၊ နစ် နာ သည့် အ တိုင်း ပင် ပြော ဆို ပါ မည်။
ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်းသောအပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရမည်။
တောကန္တာရသို့ ခရီးဆက်လေ၏။ တစ်ရက်ကြာခရီးသွားပြီးလျှင် ရှားပင်တစ်ပင်အောက်တွင် ထိုင်လျက် “အို ထာဝရဘုရား၊ တန်ပါပြီ။ ယခု အကျွန်ုပ်အသက်ကို ရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်ဘိုးဘေးတို့ထက် မြတ်သောသူမဟုတ်ပါ”ဟု မိမိအသက်သေဖို့ ဆုတောင်းလေ၏။
ကိုယ်တော်သည် အကျွန်ုပ်ကို မရဏာနိုင်ငံတွင် ဝှက်ထားပါစေသော။ အမျက်တော်ပြေသည်အထိ အကျွန်ုပ်ကို မျက်နှာလွှဲထားပါစေသော။ အကျွန်ုပ်အား အောက်မေ့ရမည့်အချိန်ကိုလည်း သတ်မှတ်ထားပါစေသော။
ငါအမှန်ပင်မှားခဲ့လျှင်လည်း ငါ့အမှားနှင့်ငါသာ ရှိပါစေတော့။
ငတ်မွတ်ခေါင်းပါးသောအခါ သေဘေးမှလည်းကောင်း၊ စစ်တိုက်သောအခါ ဓားလက်နက်ဘေးမှလည်းကောင်း သင့်ကို ကယ်နုတ်တော်မူလိမ့်မည်။
မျှော်လင့်ရာမဲ့သောဤလူ၏စကားမှာ လေသက်သက်သာဖြစ်သည်ဟု ထင်မှတ်၍ သင်တို့သည် ထိုစကားတို့ကို ပြစ်တင်ရှုတ်ချနေကြသလော။
ထို့ကြောင့် ငါသည် နှုတ်ဆိတ်၍မနေနိုင်ပါ။ နာကြည်းသောစိတ်ဖြင့် ငါပြောမည်။ ခါးသီးသောစိတ်ဝိညာဉ်ဖြင့် ငါညည်းတွားမည်။
ကိုယ့်ကိုယ်ကိုယ် ရွံ့ရှာမိပါ၏။ ထာဝစဉ်အသက်ရှင်ရမည်လည်း မဟုတ်ပါ။ အကျွန်ုပ်၏နေ့ရက်များလည်း အချည်းနှီးပင်ဖြစ်သောကြောင့် အကျွန်ုပ်ကို ပစ်ထားလိုက်ပါ။
ငါသည် အပြစ်တင်စရာမရှိသောသူဖြစ်လျက်ပင် ငါ့ကိုယ်ငါမသိနိုင်။ ငါ့အသက်ကိုပင် ငါအလေးမထားနိုင်တော့ပါ။
ငါဘာများပြောဆိုနိုင်မည်နည်း။ ကိုယ်တော်သည် ငါ့ကိုမိန့်တော်မူသည့်အတိုင်း ပြုတော်မူပြီ။ စိတ်ဒုက္ခဝေဒနာကို ငါခံစားခဲ့ရသည်ဖြစ်၍ ငါ့အသက်တာတစ်လျှောက်လုံး သတိရှိရှိလျှောက်လှမ်းပါမည်။
ကြည့်ရှုလော့။ အကျွန်ုပ်ခံစားရသောဒုက္ခဝေဒနာသည် အကျွန်ုပ်ကောင်းဖို့ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ပျက်စီးခြင်းတွင်းထဲမှ နုတ်ယူတော်မူပြီ။ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။
ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်၏အသက်ကို ယခုပင်နုတ်ယူတော်မူပါ။ အကျွန်ုပ် အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆုတောင်းလေ၏။
နေထွက်လာသောအခါ ဘုရားသခင်သည် အလွန်ပူပြင်းသောအရှေ့လေကို တိုက်ခတ်စေ၍ ယောနခေါင်းပေါ်သို့ နေပူရှိန်ကျသဖြင့် သူသည် မောပန်းပြီး သေချင်စိတ်ပေါက်လေ၏။ ထို့ကြောင့် သူက “အကျွန်ုပ်အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆိုလေ၏။
ကိုယ်တော်သည် အကျွန်ုပ်အား ဤသို့ပြုတော်မူမည်ဆိုလျှင် ယခုပင် အကျွန်ုပ်ကို ကွပ်မျက်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏မျက်မှောက်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်သည် ဆင်းရဲဒုက္ခနှင့် မကြုံတွေ့ပါရစေနှင့်”ဟု လျှောက်ဆိုလေ၏။