သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
ယုဒ 1:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။ Common Language Bible သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။ Garrad Bible သော ဒုံ၊ ဂေါ မော ရ မြို့ မှ စ၍ ပတ် ဝန်း ကျင် ရှိ မြို့ ရွာ များ ကို လည်း ၎င်း တို့ နည်း တူ မ တ ရား မေ ထုန် ပြု ကျင့်၍ ဓ မ္မ တာ နှင့် ဆန့် ကျင် ကြ သော ကြောင့် ထာ ဝ ရ မီး ဒဏ် ခံ ရ သော ပုံ ထုံး အ ဖြစ် ထား တော် မူ ကြောင်း များ တည်း။ Judson Bible ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့် ကျွမ်းလောင်ခြင်းဒဏ်ကို ခံရ၍ ပုံသက်သေထင်ရှားလျက် ရှိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အနီးရှိ မြို့များမှ မြို့သူမြို့သားတို့သည် လိင်မှုကျူးလွန်၍ သဘာဝနှင့် ဆန့်ကျင်သောမေထုန်ကို ပြုကြသဖြင့် ထာဝရမီးဒဏ်ကို ခံရ၏။ ထို့ကြောင့် ထိုမြို့တို့သည် သင်ခန်းစာယူစရာဖြစ်လာကြ၏။ |
သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
တစ်ဖန် ထာဝရဘုရားက “သောဒုံမြို့နှင့်ဂေါမောရမြို့၏အော်ဟစ်သံသည် ပြင်းထန်၍ သူတို့၏အပြစ်သည် အလွန်ကြီးလေးသောကြောင့်
ထိုသူတို့သည် လောတကိုဟစ်ခေါ်လျက် “ယနေ့ညတွင် သင့်ထံသို့ရောက်လာသောယောက်ျားတို့သည် အဘယ်မှာရှိသနည်း။ ငါတို့သည် သူတို့နှင့်ဆက်ဆံလိုသည်ဖြစ်၍ သူတို့ကို ငါတို့ထံထုတ်ခဲ့လော့”ဟု ဆိုကြ၏။
သူသည် ခမည်းတော်လက်ထက်မှကျန်နေခဲ့သော မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာများကို ပြည်တော်မှ ဖယ်ရှားပစ်၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့တွင် အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကိုမျှ ချန်ထားတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူပေလိမ့်မည်။
တိုင်းနိုင်ငံတို့၏ဂုဏ်သရေ၊ ခါလဒဲလူမျိုးတို့ဂုဏ်ယူဝါကြွားရာဖြစ်သော ဘေဘီလုံမြို့သည် ဘုရားသခင်ဖြိုဖျက်ခဲ့သော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ဖြစ်လိမ့်မည်။
ဇိအုန်မြို့ရှိအပြစ်သားတို့သည် ကြောက်ရွံ့ကြလေပြီ။ ထိတ်လန့်တုန်လှုပ်ခြင်းသည် ဘုရားတရားမဲ့သူတို့ကို လွှမ်းမိုးလေပြီ။ သူတို့က “ငါတို့တွင် မည်သူသည် တောက်လောင်သောမီးထဲ၌ နေနိုင်သနည်း။ ငါတို့တွင် မည်သူသည် ထာဝရမီးတောက်ထဲ၌ နေနိုင်သနည်း”ဟု ဆိုကြ၏။
ထာဝရဘုရား မနှမြောဘဲ ဖျက်ဆီးပစ်သောမြို့များကဲ့သို့ ထိုသူဖြစ်ပါစေ။ နံနက်အချိန်၌ အော်ဟစ်သံ၊ မွန်းတည့်အချိန်၌ အချက်ပေးသံတို့ကို ကြားရပါစေ။
ထာဝရဘုရားက “ထိုပြည်သည် ဘုရားသခင်ဖျက်ဆီးပစ်သည့် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အိမ်နီးချင်းမြို့တို့ကဲ့သို့ ဖြစ်မည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။
မည်သူမျှမတိုက်ခိုက်ဘဲ တစ်ခဏအတွင်း ပြိုလဲသွားသော သောဒုံမြို့ခံရသောအပြစ်ဒဏ်ထက် ငါ့လူမျိုးသမီးပျို ခံရသောအပြစ်ဒဏ်သည် ကြီးလေးပါသည်တကား။
အို ဧဖရိမ်၊ သင့်ကို မည်သို့စွန့်ပစ်နိုင်မည်နည်း။ အို အစ္စရေး၊ သင့်ကို မည်သို့အပ်နှံနိုင်မည်နည်း။ အာဒမာမြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ငါသည် စိတ်ပြောင်းပြီး သနားကြင်နာစိတ် တစ်စတစ်စတိုးပွားလာပြီ။
“သောဒုံမြို့နှင့် ဂေါမောရမြို့ကို ဘုရားသခင် ဖျက်ဆီးပစ်သကဲ့သို့ သင်တို့ကို ငါဖျက်ဆီးပစ်၏။ သင်တို့သည် မီးထဲမှ ဆွဲထုတ်လိုက်သောထင်းစကဲ့သို့ဖြစ်ခဲ့ရ၏။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံနှင့်ဂေါမောရမြို့တို့သည် ထိုမြို့ထက် ခံသာကြလိမ့်မည်။
သို့သော် သင်တို့အား ငါဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံမြို့သည် သင့်ထက် ခံသာလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသွားသောနေ့၌ပင် မိုးကောင်းကင်မှ ကန့်နှင့်မီးရွာသွန်း၍ သူတို့အားလုံးကိုဖျက်ဆီးလေ၏။
သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။
ဆင်းရဲဒုက္ခခံရသောသင်တို့အား ငါတို့နှင့်အတူသက်သာခွင့်ကိုလည်းကောင်း ပြန်၍ခံစားစေမည့်အမှုသည် ဘုရားသခင်ရှေ့တော်၌ အမှန်ပင်တရားမျှတသောအမှုဖြစ်၏။
ထိုအခါ ကိုယ်တော်သည် ဘုရားသခင်ကိုမသိသောသူတို့နှင့် ငါတို့သခင်ယေရှု၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့အား တရားသဖြင့်စီရင်တော်မူလိမ့်မည်။
များစွာသောလူတို့သည်လည်း ထိုသူတို့၏ကာမဂုဏ်လိုက်စားခြင်းနောက်သို့လိုက်သဖြင့် သမ္မာတရားလမ်းသည် ထိုသူတို့ကြောင့် စော်ကားပြောဆိုခြင်းခံရလိမ့်မည်။
ထို့ပြင် သောဒုံနှင့်ဂေါမောရမြို့တို့ကို ပြစ်ဒဏ်စီရင်လျက် ပြာပုံအဖြစ်သို့ ပျက်သုဉ်းစေကာ ဘုရားတရားမဲ့ဖြစ်လာမည့်သူတို့အတွက် နမူနာဖြစ်စေတော်မူ၏။
ယခုရှိသော ကောင်းကင်နှင့်မြေကြီးမူကား ထိုနှုတ်ကပတ်တော်အားဖြင့် မီးအတွက်သိုမှီးထားခြင်းခံရ၍ ဘုရားတရားမဲ့သောသူတို့၏ပျက်စီးခြင်းနှင့် တရားစီရင်ခြင်းနေ့ရက်တိုင်အောင် ထိန်းသိမ်းထားခြင်းခံရလျက်ရှိ၏။