သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
ယာကုပ် 5:10 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ဆင်းရဲဒုက္ခခံခြင်းနှင့်စိတ်ရှည်ခြင်းတို့နှင့်ပတ်သက်၍ သခင်ဘုရား၏နာမတော်အားဖြင့် ဟောပြောသောပရောဖက်တို့ကို စံနမူနာယူကြလော့။ Common Language Bible ညီအစ်ကိုတို့၊ ထာဝရဘုရား၏နာမတော် ကိုအမှီပြု၍ဟောပြောခဲ့ကြသောပရောဖက် တို့၏အကြောင်းကိုသတိရလော့။ ဆင်းရဲဒုက္ခ ရောက်သောအခါသူတို့တွင်ခံနိုင်ရည်ရှိပုံကို စံနမူနာယူကြလော့။- Garrad Bible ညီ အစ် ကို တို့၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် နှင့် ဆင့် ဆို ခဲ့ သော ပ ရော ဖက် တို့ ဒု က္ခ ခံ၍ စိတ် ရှည် ခြင်း ပုံ စံ ကို မှတ် ယူ ကြ လော့။ Judson Bible ငါ့ညီအစ်ကိုတို့၊ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်း၏ ပုံသက်သေကို ပြကြပြီဟု မှတ်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ ဟောပြောသော ပရောဖက်များ၏ စံနမူနာကို ယူကြလော့။ သူတို့သည် ဆင်းရဲဒုက္ခရောက်စဉ် စိတ်ရှည်သည်းခံခဲ့ကြ၏။ |
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
ဟေဇကိမင်းကြီးက “အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်းချမ်းလုံခြုံမည်ဆိုလျှင် ရပါပြီ”ဟု တွေး၍ ဟေရှာယအား “သင်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်သည် ကောင်းပါ၏”ဟု မိန့်ဆိုလေ၏။
“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။
သို့သော် သူတို့သည် ငါ၏အစည်းအဝေး၌ရပ်ခဲ့မည်ဆိုလျှင် ငါ့စကားကို ငါ့လူမျိုးတော်တို့အား ဆင့်ဆိုကြလိမ့်မည်။ ငါ့လူမျိုးတော်တို့ကို အကျင့်ဆိုး၊ စရိုက်ဆိုးမှ ပြန်လှည့်လာစေခဲ့ကြလိမ့်မည်။
ထိုအခါ မှူးမတ်တို့နှင့် ပြည်သူပြည်သားတို့က ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား “ဤသူသည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ဖြင့် ငါတို့အား ဟောပြောသည်ဖြစ်၍ သေဒဏ်မခံထိုက်ပါ”ဟု ဆိုကြ၏။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာအလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
ထိုနေ့ရက်၌ ဝမ်းမြောက်လျက် ကခုန်ကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့၏ဘိုးဘေးများသည်လည်း ပရောဖက်များကို ထိုနည်းတူပြုကြ၏။
ရှေးကာလမှစ၍ မိမိ၏သန့်ရှင်းသောပရောဖက်တို့၏နှုတ်အားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့်အရာတည်းဟူသော အလုံးစုံတို့ကို မူလအတိုင်းပြန်ဖြစ်စေမည့်ကာလများတိုင်အောင် ကောင်းကင်သည် ထိုအရှင်ကိုလက်ခံထားရမည်။
သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။
ညီအစ်ကိုတို့၊ အချင်းချင်းပုတ်ခတ်ပြောဆိုခြင်းမပြုကြနှင့်။ ညီအစ်ကိုကိုပုတ်ခတ်ပြောဆိုသောသူ၊ သို့မဟုတ် မိမိညီအစ်ကိုကိုစီရင်သောသူသည် ပညတ်တရားကိုပုတ်ခတ်ပြောဆို၍ ပညတ်တရားကိုစီရင်သူဖြစ်၏။ သင်သည် ထိုသို့ ပညတ်တရားကိုစီရင်လျှင် ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
သင်တို့တွင် ဆင်းရဲဒုက္ခခံရသူရှိလျှင် သူသည် ဆုတောင်းစေ။ ဝမ်းမြောက်ရွှင်လန်းသောသူရှိလျှင် သူသည် ချီးမွမ်းသီချင်းကိုသီဆိုစေ။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ခြံသမားသည် မြေမှအဖိုးတန်သည့်အသီးအနှံကို မိုးဦးနှင့်မိုးနှောင်းရွာသည်အထိ စိတ်ရှည်စွာစောင့်တတ်၏။
ညီအစ်ကိုတို့၊ စီရင်ခြင်းမခံရမည့်အကြောင်း တစ်ဦးအပေါ်တစ်ဦး ပြစ်တင်ညည်းညူခြင်းကိုမပြုကြနှင့်။ ကြည့်ကြလော့။ တရားစီရင်သောအရှင်သည် တံခါးရှေ့၌ရပ်နေတော်မူပြီ။