ဟေရှာယ 39:8 - မြန်မာ့စံမီသမ္မာကျမ်း8 ဟေဇကိမင်းကြီးက “အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်းချမ်းလုံခြုံမည်ဆိုလျှင် ရပါပြီ”ဟု တွေး၍ ဟေရှာယအား “သင်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်သည် ကောင်းပါ၏”ဟု မိန့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ဤလျှောက်ထားချက်ကိုဟေဇကိမင်းသည် မိမိ၏လက်ထက်၌ငြိမ်းချမ်းမှုနှင့်ဘေးမဲ့ လုံခြုံမှုရှိလိမ့်မည်ဟု အနက်အဋ္ဌိပ္ပါယ် ကောက်ယူလျက်``ငါ့အားသင်ဖော်ပြသည့် ထာဝရဘုရားထံမှသတင်းတော်သည် ကောင်းပေ၏'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ဟေ ဇ ကိ မင်း က၊ ယ ခု ဆင့် ဆို သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည် သင့် လျော် ပါ ပြီ ဟူ၍ လည်း ကောင်း၊ အ ကျွန်ုပ် လက် ထက် ငြိမ် ချမ်း ခြင်း၊ တည် တံ့ ခြင်း ရှိ မည် ဟူ၍ လည်း ကောင်း၊ ဟေ ရှာ ယ အား ပြန် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကောင်းပါ၏ ဟူ၍လည်းကောင်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိရလိမ့်မည်ဟူ၍လည်းကောင်း၊ ဟေရှာယအားဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သင့်ဘိုးဘေးများရှိရာသို့ သင့်ကို ငါစုစည်းမည်။ သင်သည် သင့်သင်္ချိုင်းတွင် ငြိမ်ဝပ်စွာစုစည်းခံရလိမ့်မည်။ ဤမြို့နှင့် မြို့သားတို့အပေါ် ငါကျရောက်စေမည့်ဘေးအန္တရာယ်အပေါင်းတို့ကို သင်မြင်ရမည်မဟုတ်’ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်းပြောကြားလော့”ဟု ဆို၏။ သူတို့သည်လည်း ပြန်သွား၍ ဤစကားတို့ကို ရှင်ဘုရင်ထံ လျှောက်တင်ကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။