ဤအရာများကို သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။
ယာကုပ် 4:17 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ မည်သူမဆို ကောင်းသောအမှုကိုလုပ်ဆောင်ရန် သိလျက်နှင့်မလုပ်ဘဲနေလျှင် သူ့အတွက်အပြစ်ဖြစ်၏။ Common Language Bible သို့ဖြစ်၍ကောင်းသောအကျင့်ကိုသိလျက်နှင့် မပြုမကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏။ Garrad Bible အ ကောင်း ကို သိ လျက် မ ပြု ဘဲ နေ သူ၌ အ ပြစ် သင့်၏။ Judson Bible ထိုကြောင့်၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကောင်းမှုကို လုပ်ဆောင်သင့်ကြောင်း သိလျက်နှင့် မလုပ်ဆောင်ဘဲ နေလျှင် အပြစ်ရှိ၏။ |
ဤအရာများကို သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။
ငါသည်လာ၍ သူတို့အား မဟောပြောခဲ့လျှင် သူတို့၌အပြစ်မရှိ။ သို့သော် ယခုအခါ သူတို့သည် မိမိတို့၏အပြစ်အတွက် ဆင်ခြေပေး၍မရနိုင်ကြ။
ယေရှုကလည်း“သင်တို့သည် မျက်မမြင်များဖြစ်ခဲ့ကြလျှင် သင်တို့၌အပြစ်ရှိခဲ့မည်မဟုတ်။ သို့ရာတွင် ‘ငါတို့မြင်သည်’ဟု သင်တို့ယခုဆိုနေကြသဖြင့် သင်တို့၏အပြစ်သည် တည်မြဲတည်၏။
ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။
သို့ဖြစ်လျှင် ဤကောင်းမြတ်သောအရာသည် ငါ့အတွက် သေခြင်းအကြောင်းဖြစ်သလော။ လုံးဝမဟုတ်ပေ။ ငါ့အတွက် သေခြင်းအကြောင်းဖြစ်သောအရာမှာ အပြစ်ပင်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်း ထင်ရှားစေရန် ဤကောင်းမြတ်သောအရာအားဖြင့် ငါ၌ သေခြင်းကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြင့် အပြစ်သည် ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပြစ်များသောအရာဖြစ်လာ၏။
အကြောင်းမူကား ဖြောင့်မတ်ခြင်းလမ်းကိုသိလျက်နှင့် မိမိတို့ထံပေးအပ်ထားသည့် သန့်ရှင်းသောပညတ်တော်ကို ကျောခိုင်းသည်ထက် ၎င်းကိုမသိခဲ့လျှင် သူတို့အတွက် သာ၍ကောင်း၏။