သူတို့က ဘုရားသခင်အား ‘ငါတို့ထံမှ ထွက်သွားလော့။ အနန္တတန်ခိုးရှင်သည် ငါတို့အား မည်သို့ပြုနိုင်မည်နည်း’ဟု ဆိုတတ်ကြ၏။
ယာကုပ် 3:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ လျှာသည်လည်း သေးငယ်သောအင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ မည်မျှလောက်သေးငယ်သောမီးသည် မည်မျှလောက်ကြီးမားသောသစ်တောကိုမီးစွဲလောင်စေနိုင်သည်ကို ကြည့်လော့။ Common Language Bible လျှာသည်လည်းထိုနည်းအတိုင်းပင်ဖြစ် ပေသည်။ ယင်းသည်ကိုယ်ခန္ဓာ၏သေးငယ်သော အင်္ဂါအစိတ်အပိုင်းမျှသာဖြစ်သော်လည်း ကြီးကျယ်သောအရာများအကြောင်းကို ကြွားဝါတတ်သည်။ အလွန်ကြီးသောသစ်တောကိုသေးငယ်သော မီးပွားကလေးက လောင်ကျွမ်းစေနိုင်သည် ကိုစဉ်းစားကြည့်ပါလေ။- Garrad Bible ထို နည်း တူ လျှာ သည် ငယ် သော အင်္ဂါ ဖြစ် သော် လည်း ကြီး ကျယ် သော အ မှု အ ရေး များ ကြောင့် ဂုဏ် တင် တတ်၏။ အ နည်း ငယ် သော မီး သည် ကြီး ကျယ် သော သစ် တော ကို လောင် တတ် သည် တ ကား။ Judson Bible ထိုနည်းတူ၊ လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကို ကြည့်ပါလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ လျှာသည် သေးငယ်သည့်အင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း ကြီးကျယ်သောအကြောင်းအရာများကို ကြွားဝါတတ်၏။ အလွန်ကြီးမားသောတောအုပ်ကို အလွန်သေးငယ်သော မီးပွားလေးက လောင်စေနိုင်သည်ကို ဆင်ခြင်လော့။ |
သူတို့က ဘုရားသခင်အား ‘ငါတို့ထံမှ ထွက်သွားလော့။ အနန္တတန်ခိုးရှင်သည် ငါတို့အား မည်သို့ပြုနိုင်မည်နည်း’ဟု ဆိုတတ်ကြ၏။
အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိစိတ်ဝိညာဉ်၏အလိုဆန္ဒများ၌ ဂုဏ်ယူဝါကြွား၍ လောဘကြီးသောသူသည် ထာဝရဘုရားကိုကျိန်ဆဲလျက် မထီလေးစားပြု၏။
“ငါသည် နှုတ်ဖြင့်မပြစ်မှားမိစေရန် ငါ၏အပြုအမူအကျင့်အကြံတို့ကိုစောင့်ထိန်းမည်။ ငါ၏ရှေ့၌ဆိုးယုတ်သောသူတို့ရှိနေစဉ် နှုတ်စွပ်တပ်၍ ငါ့နှုတ်ကိုစောင့်ထိန်းမည်”ဟု ငါဆိုခဲ့၏။
ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ
သို့သော် ဖာရောမင်းကြီးက “ထာဝရဘုရား၏စကားကိုနားထောင်၍ အစ္စရေးလူမျိုးတို့ကို ငါလွှတ်ရမည့်အကြောင်း ထာဝရဘုရားကား မည်သူနည်း။ ထာဝရဘုရားကို ငါမသိ။ အစ္စရေးလူမျိုးတို့ကိုလည်း ငါမလွှတ်”ဟု ဆိုလေ၏။
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
ပညာရှိသောသူတို့၏လျှာသည် အသိပညာကိုထုတ်ဖော်တတ်၏။ မိုက်မဲသောသူတို့၏နှုတ်မူကား မိုက်မဲခြင်းကိုသွန်ထုတ်တတ်၏။
သေခြင်းနှင့်အသက်ရှင်ခြင်းသည် လျှာ၏တန်ခိုးအောက်၌ရှိသည်ဖြစ်၍ လျှာကိုချစ်ခင်သောသူသည် ၎င်း၏အသီးကိုစားရလိမ့်မည်။
ထင်းမရှိလျှင် မီးသည်ငြိမ်းသွားတတ်၏။ အတင်းအဖျင်းပြောဆိုသောသူမရှိလျှင်လည်း အငြင်းပွားမှုသည် ငြိမ်သက်သွားတတ်၏။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
“အချင်းလူသား၊ တိုင်ရာမင်းကြီးအား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဘဝင်မြင့်၍ ငါသည် ဘုရားဖြစ်၏။ သမုဒ္ဒရာအလယ် ဘုရားတို့၏ပလ္လင်တော်၌ စံမြန်း၏ဟု သင်ဆို၏။ သင်သည် ဘုရားမဟုတ် လူသားဖြစ်လျက်နှင့် သင့်စိတ်ထဲတွင် သင့်ကိုယ်သင် ဘုရားဟုထင်မှတ်၏။
ဘုရားရှင်ထာဝရဘုရားက ‘အီဂျစ်ဘုရင်ဖာရောမင်းကြီး၊ နိုင်းမြစ်ကိုငါပိုင်၏၊ ငါ့အဖို့ ငါဖန်ဆင်းပြီဟု ဆိုလျက် မြစ်ချောင်းထဲတွင် လဲလျောင်းနေသောသတ္တဝါကြီး၊ သင့်ကို ငါဆန့်ကျင်မည်။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
သင်္ဘောကိုလည်းကြည့်လော့။ ထိုမျှလောက်ကြီးမား၍ လေပြင်းတိုက်ရာသို့လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင်အလိုရှိရာဘက်သို့ လှည့်စေနိုင်၏။
အကြောင်းမူကား သူတို့သည် အချည်းနှီးချဲ့ထွင်ဝါကြွားပြောဆိုလျက် မှားယွင်းခြင်း၌အသက်ရှင်နေထိုင်သောသူတို့ထဲမှ လွတ်မြောက်ခါစရှိသောသူတို့ကို သွေးသားဇာတိ၏တပ်မက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့ဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။