ယာကုပ် 1:3 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းသည် သည်းခံခြင်းကိုဖြစ်ပေါ်စေကြောင်း သင်တို့သိကြ၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်သင်တို့၏ယုံကြည် ခြင်းကိုစစ်ကြောစုံစမ်းမှုသည်ခံနိုင်ရည် ကိုဖြစ်ပွားစေကြောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းကို စမ်းသပ်ခြင်းသည် သည်းခံခြင်းကို ဖြစ်ပေါ်စေကြောင်း သင်တို့သိကြသောကြောင့်ဖြစ်၏။ |
အကြောင်းမူကား ရှေးအခါကရေးထားသမျှသောအရာသည် ငါတို့ကိုသွန်သင်ရန်ရေးထားခြင်းဖြစ်ပြီး ကျမ်းစာ၌ပါသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ငါတို့၌ မျှော်လင့်ခြင်းရှိစေရန်ဖြစ်၏။
ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်းတော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏။
ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
အကြောင်းမူကား ငါတို့ခေတ္တခံရသော ပေါ့ပါးသည့်ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ထူးမြတ်၍လေးနက်သော ထာဝရဘုန်းအသရေကို ငါတို့အတွက်ဖြစ်စေ၏။
ထို့ပြင် သင်တို့သည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါနှင့်အညီ တန်ခိုးတော်ရှိသမျှတို့ဖြင့် အားဖြည့်ခြင်းကိုခံရလျက် သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းအပြည့်အဝရှိသဖြင့်
သို့ဖြစ်၍ သင်တို့ခံရသော ညှဉ်းဆဲခြင်းနှင့်ဒုက္ခဆင်းရဲခြင်းရှိသမျှတို့၌ထင်ရှားသော သင်တို့၏သည်းခံခြင်းနှင့် ယုံကြည်ခြင်းတို့အတွက် ငါတို့ကိုယ်တိုင် ဘုရားသခင်၏အသင်းတော်များတွင် သင်တို့အကြောင်းကို ဝါကြွားကြ၏။
သခင်ဘုရားသည် သင်တို့၏စိတ်နှလုံးကို ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ခရစ်တော်၏သည်းခံခြင်းထဲသို့ ပို့ဆောင်တော်မူပါစေသော။
ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ပြီး ကတိတော်ကိုခံစားရရှိနိုင်ရန် သင်တို့၌လိုအပ်သောအရာမှာ သည်းခံခြင်းဖြစ်၏။
ထို့ကြောင့် ဤမျှလောက်များပြားသောသက်သေတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည် လေးသောဝန်နှင့် အလွယ်တကူငြိတွယ်တတ်သည့်သဘောရှိသော အပြစ်ရှိသမျှတို့ကို ဖယ်ရှားလျက် ငါတို့ရှေ့၌ပြင်ဆင်ထားသောပြေးပွဲကို ဇွဲလုံ့လဖြင့်ပြေးကြကုန်စို့။
ဤသည်ကား သင်တို့သည် ပျင်းရိခြင်းမရှိဘဲ ယုံကြည်ခြင်းနှင့်စိတ်ရှည်ခြင်းတို့အားဖြင့် ကတိတော်ကိုအမွေဆက်ခံသောသူတို့အား အတုယူသူများဖြစ်ကြမည့်အကြောင်းတည်း။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
အသိပညာ၌ မိမိကိုယ်ကိုချုပ်တည်းခြင်းကိုလည်းကောင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း၌ သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားဝတ်၌မွေ့လျော်ခြင်းကိုလည်းကောင်း၊