ထာဝရဘုရား၏နာမတော်ကို စော်ကားပြောဆိုသောသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို မုချခဲနှင့်ပေါက်သတ်ရမည်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ နာမတော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် အသတ်ခံရမည်။
မဿဲ 9:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကျမ်းပြုဆရာအချို့တို့က “ဤသူသည် ဘုရားသခင်ကိုစော်ကားပြောဆိုသည်”ဟု အချင်းချင်းပြောဆိုကြ၏။ Common Language Bible ကျမ်းတတ်ဆရာအချို့တို့က ``ဤသူသည် ဘုရားသခင်ကိုပြစ်မှားပြောဆိုလေပြီ'' ဟု အချင်းချင်းပြောဆိုကြ၏။ Garrad Bible ကျမ်း တတ် ဆ ရာ အ ချို့ က ဤ သူ သည် ပုတ် ခတ် မှု ပြု ပြီ ဟု အောက် မေ့ ကြ၏။ Judson Bible ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကျမ်းတတ်ဆရာတချို့က “ဤသူသည် ဘုရားသခင်ကို စော်ကားပြောဆိုနေသည်” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။ မြန်မာ ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။- |
ထာဝရဘုရား၏နာမတော်ကို စော်ကားပြောဆိုသောသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို မုချခဲနှင့်ပေါက်သတ်ရမည်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ နာမတော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် အသတ်ခံရမည်။
အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ အပြစ်ကိုတမင်တကာပြုသောသူသည် ထာဝရဘုရားကိုစော်ကားသောသူဖြစ်၍ ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။
အကြောင်းမူကား ကိုယ်တော်သည် သူတို့၏ကျမ်းပြုဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ သွန်သင်တော်မူ၏။
ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့အားလုံးသည် ကိုယ်တော်ကို သေဒဏ်ခံထိုက်သည်ဟု စီရင်ကြ၏။
သင်တို့အား ငါအမှန်ဆိုသည်ကား လူသားတို့သည် သူတို့၏အပြစ်များနှင့် ဘုရားသခင်ကိုစော်ကားပြောဆိုသမျှသော စကားအားလုံးအတွက် ခွင့်လွှတ်ခြင်းခံရလိမ့်မည်။
သို့သော် မည်သူမဆို သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် ကာလအစဉ်အဆက် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးကိုမရရှိဘဲ ထာဝရအပြစ်သင့်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊
ထိုအခါ ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က “ဘုရားသခင်ကိုစော်ကားပြောဆိုသောဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကိုခွင့်လွှတ်နိုင်သနည်း”ဟု တွေးတောဆင်ခြင်ကြ၏။