Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 5:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထိုအခါ ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​က “ဘုရားသခင်​ကို​စော်ကား​ပြောဆို​သော​ဤ​သူ​ကား မည်သူ​နည်း။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု တွေးတော​ဆင်ခြင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​က ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ သူ​သည်​ဘု​ရား​သ​ခင် အား​ပြစ်​မှား​ပြော​ဆို​ပါ​သည်​တ​ကား။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည်​အ​ပြစ်​ကို ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့ က၊ ပုတ် ခတ် မှု စ ကား ကို ပြော ဆို သော ဤ သူ ကား မည် သူ နည်း။ ဘု ရား သ ခင် မှ တစ် ပါး မည် သူ အ ပြစ် ဖြေ လွှတ် နိုင် သ နည်း ဟု ဆင် ခြင် အောက် မေ့ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု ထင်​မှတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထိုအခါ ဖာရိရှဲများ​နှင့် ကျမ်းတတ်ဆရာများ​က “ဘုရားသခင်​ကို စော်ကား​ပြောဆိုသော ဤ​သူ​သည် မည်သူနည်း။ ဘုရားသခင်​မှလွဲ၍ မည်သူ​သည် အပြစ်​ကို ခွင့်လွှတ်​နိုင်ပါမည်နည်း” ဟု စိတ်​ထဲ၌ တွေးတောနေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု ထင်​မှတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 5:21
23 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် သင်​၏​အပြစ်​အလုံးစုံ​တို့​ကို ခွင့်လွှတ်​၍ သင်​၏​အနာရောဂါ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏​။


သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တော်မူ​သောကြောင့် လူ​တို့​သည် ကိုယ်တော်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​၏​။


အကျွန်ုပ်​သည် အကျွန်ုပ်​၏​အပြစ်​ကို ကိုယ်တော်​ထံ​ဝန်ချ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို​လည်း ဖုံးအုပ်​မ​ထား​ပါ​။ “​အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ထာဝရဘုရား​ထံ​ဖော်ပြဝန်ခံ​မည်​”​ဟု အကျွန်ုပ်​ပြောဆို​ခဲ့​ပါ​၏​။ ထိုအခါ ကိုယ်တော်​သည် အကျွန်ုပ်​၏​အပြစ်​ဒုစရိုက်​ကို ခွင့်လွှတ်​တော်မူ​၏​။(​စေလာ)


ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် သူ​တို့​ကို​မောင်းထုတ်​၍ သူ​တို့​သည် လေ​ထဲ​လွင့်ပါ​သွား​သော​ဖွဲ​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။


ထာဝရဘုရား​က “ယခု လာ​ကြ​။ အတူတကွ​အချေအတင်ဆွေးနွေး​ကြ​စို့​။ သင်​တို့​အပြစ်​သည် အနီရောင်​ကဲ့သို့​ဖြစ်​သော်လည်း နှင်းပွင့်​ကဲ့သို့​ဖြူ​လိမ့်မည်​။ ကြက်သွေးရောင်​ကဲ့သို့​ဖြစ်​သော်လည်း သိုးမွေး​ကဲ့သို့​ဖြစ်​လိမ့်မည်​။


ငါ​ကိုယ်တော်တိုင် သင်​ကျူးလွန်​သော​အပြစ်​တို့​ကို ငါ့​အဖို့ ငါ​ပယ်ဖျက်​၏​။ သင်​၏​အပြစ်​တို့​ကို ငါ​အောက်မေ့​မည်​မ​ဟုတ်​။


သင်​ကျူးလွန်​သော​အပြစ်​တို့​ကို တိမ်တိုက်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင်​၏​အပြစ်​တို့​ကို မိုးတိမ်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင့်​ကို​ငါ​ရွေးနုတ်​ပြီ​ဖြစ်၍ ငါ့​ထံသို့​ပြန်လာ​လော့​”​ဟု မိန့်​တော်မူ​၏​။


အို ဘုရားရှင်​၊ နားညောင်း​တော်မူ​ပါ​။ အို ဘုရားရှင်​၊ ခွင့်လွှတ်​တော်မူ​ပါ​။ အို ဘုရားရှင်​၊ အာရုံစိုက်​၍ ပြု​ပေး​တော်မူ​ပါ​။ နှောင့်နှေး​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အလျင်အမြန်​ပြု​တော်မူ​ပါ​။ ဤ​မြို့​၊ ဤ​လူမျိုး​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်သမုတ်​ခြင်း​ကို ခံရ​ကြ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။


အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​အရှင် ဘုရားသခင်​ကို​ပုန်ကန်​ကြ​သော်လည်း ကိုယ်တော်​သည် ကရုဏာ​တော်​နှင့် ပြည့်ဝ​ပါ​၏​။ အပြစ်​ကို ခွင့်လွှတ်​ပေး​ပါ​၏​။


ထာဝရဘုရား​၏​နာမ​တော်​ကို စော်ကားပြောဆို​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ လူထု​အပေါင်း​တို့​သည် ထို​သူ​ကို မုချ​ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ တိုင်းတစ်ပါးသား​ဖြစ်စေ​၊ အမျိုးသားချင်း​ဖြစ်စေ နာမ​တော်​ကို စော်ကားပြောဆို​လျှင် ထို​သူ​သည် အသတ်​ခံရ​မည်​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို သနားစုံမက်​တော်မူ​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို နင်းချေ​တော်မူ​မည်​။ အပြစ်​ရှိသမျှ​ကို​လည်း ပင်လယ်​ရေနက်​ရာ​ထဲသို့ ပစ်ချ​တော်မူ​မည်​။


ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​ဝတ်ရုံ​ကို​ဆုတ်ဖြဲ​လျက် “သူ​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​လေ​ပြီ။ နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။ ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို ယခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။


ထိုအခါ ကျမ်းပြု​ဆရာ​အချို့​တို့​က “ဤ​သူ​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​သည်”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။


သို့ဖြစ်၍ နောင်တ​နှင့်​ထိုက်တန်​သော​အသီး​ကို သီး​ကြ​လော့။ ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်​ဟူ၍ သင်​တို့​စိတ်​ထဲ၌​မ​ပြောဆို​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက် သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ​ပေါ်ထွန်း​စေ​နိုင်​သည်။


တစ်​နေ့​သ၌ ကိုယ်တော်​သည် သွန်သင်​လျက်​နေ​တော်မူ​စဉ် ဂါလိလဲ​နယ်​နှင့် ယုဒ​နယ်​ရှိ ကျေးရွာ​အပေါင်း​တို့​မှ​လည်းကောင်း၊ ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ရောက်လာ​ကြ​သော ဖာရိရှဲ​နှင့်​ကျမ်းတတ်​ဆရာ​တို့​သည် ထိုင်​နေ​ကြ​၏။ အနာရောဂါ​ငြိမ်း​စေရန် ထာဝရ​ဘုရား​၏​တန်ခိုး​တော်​သည် ကိုယ်တော်​၌​ရှိ​၏။


ယေရှု​သည် သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို သိ​တော်မူ​၍“အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြ​သနည်း။


ထိုအခါ ကိုယ်တော်​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​က “အပြစ်​ကို​ပင် ခွင့်လွှတ်​သော​ဤ​သူ​ကား မည်သူ​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။


ဂျူး​လူမျိုး​တို့​က “ကောင်း​သော​အမှု​ကြောင့် သင့်​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​နှင့်​ပင် သင့်ကိုယ်သင် ဘုရား​အယောင်ဆောင်​၍ ဘုရားသခင်​ကို​စော်ကား​သောကြောင့်​ဖြစ်​၏”​ဟု ပြန်​ပြော​ကြ​၏။


မည်သူ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​တို့​ကို ပြစ်တင်​စွဲဆို​မည်နည်း။ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ