နေမန်သည် အမျက်ထွက်လျက် “သူကိုယ်တိုင်ထွက်လာပြီး မတ်တပ်ရပ်လျက် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ဖြင့်ဆုတောင်းပေးလိမ့်မည်၊ အနာကိုလက်နှင့်သပ်ပေးမည်၊ ငါ့အနာကြီးရောဂါကို ပျောက်ကင်းစေမည်ဟု ငါထင်ခဲ့၏။
မဿဲ 9:18 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဤအကြောင်းအရာများကိုမြွက်ဆိုတော်မူစဉ် အကြီးအကဲတစ်ဦးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “အကျွန်ုပ်၏သမီးသည် ယခုပင်သေဆုံးသွားပါသည်။ သို့သော် ကြွလာ၍ ကိုယ်တော်၏လက်တော်ကို သူ့အပေါ်တင်တော်မူလျှင် အသက်ရှင်လာပါလိမ့်မည်”ဟု လျှောက်လေ၏။ Common Language Bible သခင်ယေရှုဤသို့မိန့်မြွက်လျက်နေတော်မူ စဉ် တရားဇရပ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် အထံတော်သို့လာရောက်ပျပ်ဝပ်၏။ ထိုသူက ``အကျွန်ုပ်၏သမီးသည်ယခုပင်သေဆုံးသွား ပါသည်။ သို့ရာတွင်အရှင်ကြွတော်မူ၍သူ့ အပေါ်မှာလက်တော်ကိုတင်တော်မူလျှင် သူ သည်အသက်ရှင်လာပါလိမ့်မည်'' ဟုလျှောက် ထားတောင်းပန်၏။ Garrad Bible ထို သို့ မိန့် တော် မူ စဉ် ကျောင်း ဒါ ယ ကာ တစ် ဦး သည် ချဉ်း ကပ် ရှိ ခိုး လျက် အ ကျွန်ုပ်၏ သ မီး သည် ယ ခု ပင် သေ ဆုံး ပါ ပြီ။ သို့ သော် လည်း ကိုယ် တော် သည် ကြွ၍ လက် တင် တော် မူ လျှင် အ သက် ရှင် ပြန် ပါ လိမ့် မည် ဟု လျှောက် သော်၊ Judson Bible ထိုစကားကို မိန့်တော်မူစဉ် အရာရှိတစ်ယောက်သည် လာ၍ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု လျှောက်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာများကို မိန့်တော်မူစဉ် ထိုအရပ်မှ ခေါင်းဆောင်တစ်ဦးသည် ယေရှုထံတော်သို့လာ၍ ခြေတော်ရင်း၌ ဝပ်တွားခယလျက် “အကျွန်ုပ်၏သမီးသည် ယခုပင် သေဆုံးပါ၏။ သို့သော်လည်း အရှင်သည်ကြွလာ၍ သူ့အပေါ်၌ လက်တော်ကို တင်ပါက သူသည် အသက်ရှင်ပါလိမ့်မည်” ဟု လျှောက်လေ၏။ မြန်မာ ထိုစကားကို မိန့်တော်မူစဉ် အရာရှိတစ်ယောက်သည် လာ၍ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု လျှောက်၏။- |
နေမန်သည် အမျက်ထွက်လျက် “သူကိုယ်တိုင်ထွက်လာပြီး မတ်တပ်ရပ်လျက် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ဖြင့်ဆုတောင်းပေးလိမ့်မည်၊ အနာကိုလက်နှင့်သပ်ပေးမည်၊ ငါ့အနာကြီးရောဂါကို ပျောက်ကင်းစေမည်ဟု ငါထင်ခဲ့၏။
ထိုအခါ လှေပေါ်၌ရှိသောသူတို့သည် ကိုယ်တော်ကိုရှိခိုးလျက် “ကိုယ်တော်သည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်ပါ၏”ဟု လျှောက်ကြ၏။
သို့သော် ထိုအမျိုးသမီးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “သခင်ဘုရား၊ ကျွန်မကိုကူညီမစတော်မူပါ”ဟု လျှောက်လေ၏။
ထို့နောက် လူထုပရိသတ်ရှိရာသို့ရောက်လာကြရာ လူတစ်ဦးသည် ကိုယ်တော်ထံ ချဉ်းကပ်လာ၍ ရှေ့တော်၌ ဒူးထောက်ကာ
ထိုအခါ ဇေဗေဒဲ၏သားများ၏မိခင်သည် မိမိသားတို့နှင့်အတူ အထံတော်သို့ချဉ်းကပ်လာ၍ ရှိခိုးကာ တစ်စုံတစ်ခုကို ကိုယ်တော်ထံ တောင်းလျှောက်လေ၏။
ထိုအခါ အနာကြီးရောဂါသည်တစ်ဦးသည် ချဉ်းကပ်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “သခင်ဘုရား၊ ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကိုစင်ကြယ်စေနိုင်ပါသည်”ဟု လျှောက်လေ၏။
တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးလျက် “သခင်ဘုရား၊ ကယ်တော်မူပါ။ အကျွန်ုပ်တို့သေရပါတော့မည်”ဟု လျှောက်ကြ၏။
စပျစ်ဝိုင်အသစ်ကိုလည်း သားရေဘူးအဟောင်း၌ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် သားရေဘူးသည် ပေါက်ပြဲသဖြင့် စပျစ်ဝိုင်ယိုထွက်ကာ သားရေဘူးလည်း ပျက်စီးသွားလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ကြ၏။ ထိုသို့ပြုလျှင် နှစ်မျိုးစလုံးကို တာရှည်ထိန်းသိမ်းနိုင်၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယေရှုသည် ထ၍ ထိုသူ၏နောက်သို့ လိုက်တော်မူ၏။ တပည့်တော်တို့သည်လည်း အတူတကွလိုက်သွားကြ၏။
“ဖယ်ကြလော့။ မိန်းကလေးသေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။
သို့သော် ဥပုသ်နေ့၌ အနာရောဂါကိုယေရှုငြိမ်းစေတော်မူသောကြောင့် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရမည့်နေ့ရက်ခြောက်ရက်ရှိသည်ဖြစ်၍ ထိုနေ့ရက်များ၌လာ၍ ရောဂါငြိမ်းစေခြင်းကိုခံယူကြလော့။ ဥပုသ်နေ့၌မလာကြနှင့်”ဟု လူထုပရိသတ်တို့အားဆို၏။
တစ်ခါက အကြီးအကဲတစ်ဦးသည် ကိုယ်တော်အား “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
ထိုစဉ် တပ်မှူးတစ်ယောက်၏အလွန်အားထားရသော အစေအပါးတစ်ဦးသည် နာမကျန်းဖြစ်ပြီး သေအံ့ဆဲဆဲဖြစ်နေ၏။
ယေရှုကလည်း“ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေခဲ့လျှင်ပင် အသက်ရှင်လိမ့်မည်။
မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်သောအခါ ခြေတော်ရင်း၌ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ကြားပြီးသောအခါ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံများသည် သူတို့ထံ လူလွှတ်၍ “ညီအစ်ကိုတို့၊ သင်တို့တွင် လူတို့အား တိုက်တွန်းအားပေးစကားတစ်စုံတစ်ခုရှိလျှင် ပြောကြပါ”ဟု ဆိုကြ၏။
ပုဗလိ၏ဖခင်သည် အဖျားအနာနှင့်ဝမ်းကိုက်ရောဂါခံစားရလျက် အိပ်ရာ၌လဲလျောင်းနေ၏။ ပေါလုသည် သူ့ထံသို့ဝင်ပြီး ဆုတောင်းပေးကာ သူ့အပေါ်လက်တင်၍ သူ့ကိုကျန်းမာစေ၏။