ကိုယ်တော်သည် စိတ်နှလုံးကျိုးပဲ့သောသူတို့ကို ကျန်းမာစေ၍ သူတို့၏ဒဏ်ရာများကို ပတ်စည်းပေးတော်မူ၏။
မဿဲ 9:12 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ထိုစကားကိုကြားလျှင်“ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။ Common Language Bible ယင်းသို့မေးမြန်းသည်ကိုသခင်ယေရှုကြား တော်မူလျှင် ``ကျန်းမာသူသည်ဆရာဝန်ကို မလို။ ဖျားနာသူသာလျှင်လို၏။- Garrad Bible ယေ ရှု သည် ကြား တော် မူ သော် ကျန်း မာ သော သူ တို့၌ ဆေး သ မား မ လို၊ နာ သော သူ တို့၌ သာ လို၏။ Judson Bible ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့မေးကြသည်ကို ယေရှုကြားတော်မူလျှင် “ကျန်းမာသောသူတို့သည် ဆရာဝန်ကိုမလိုအပ်ပါ။ ဖျားနာသောသူတို့သာလျှင် လိုအပ်ကြ၏။ မြန်မာ ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။- |
ကိုယ်တော်သည် စိတ်နှလုံးကျိုးပဲ့သောသူတို့ကို ကျန်းမာစေ၍ သူတို့၏ဒဏ်ရာများကို ပတ်စည်းပေးတော်မူ၏။
ငါက “အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသနားတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုပြစ်မှားခဲ့သည်ဖြစ်၍ အကျွန်ုပ်စိတ်ဝိညာဉ်၏အနာကို ပျောက်ကင်းစေတော်မူပါ”ဟု လျှောက်ဆို၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အားအင်ချည့်နဲ့နေသည်ဖြစ်၍ အကျွန်ုပ်ကိုသနားတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် ထိတ်လန့်လျက်ရှိကြသည်ဖြစ်၍ အကျွန်ုပ်ကိုကျန်းမာစေတော်မူပါ။
အို ထာဝရဘုရား အကျွန်ုပ်ကို ကျန်းမာစေတော်မူပါ။ သို့မှသာ အကျွန်ုပ် ကျန်းမာပါလိမ့်မည်။ အကျွန်ုပ်ကိုကယ်တော်မူပါ။ သို့မှသာ အကျွန်ုပ် ကယ်တင်ခြင်းခံရပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်၏ချီးမွမ်းရာဖြစ်တော်မူပါ၏။
ထာဝရဘုရားက “ထိုသူတို့သည် သင့်ကို ‘အပယ်ခံရသောသူ၊ မည်သူမျှဂရုမစိုက်သောဇိအုန်မြို့’ဟု ခေါ်ကြသောကြောင့် ငါသည် သင့်ကို ပြန်လည်ကျန်းမာစေမည်။ သင့်အနာကို ကုသပေးမည်”ဟု မိန့်တော်မူ၏။
သို့သော် ငါသည် ဤမြို့၏အနာကို ကုသပေးမည်။ ပြန်လည်ကျန်းမာစေမည်။ ငြိမ်းချမ်းခြင်း၊ ဘေးကင်းလုံခြုံခြင်း အပြည့်အဝခံစားစေမည်။
ဂိလဒ်ပြည်၌ လိမ်းဆေး မရှိသလော၊ ဆေးဆရာ မရှိသလော။ ငါ့လူမျိုး၏သမီးပျိုသည် အဘယ်ကြောင့် အနာမပျောက်ရသနည်း။
“ငါသည် အမျက်ပြေပြီဖြစ်၍ သူတို့လမ်းလွဲဖောက်ပြန်သည်များကို ပြန်လည်ပြုပြင်ပေးမည်။ စေတနာစိတ်ထက်သန်သည့်အလျောက် သူတို့ကို ငါချစ်မည်။
ယေရှုသည် ထိုစကားကိုကြားလျှင်“ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။ ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန် ငါလာ၏”ဟု သူတို့အား မိန့်တော်မူ၏။
ယေရှုကလည်း“ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။
ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည်
သို့သော် လူထုပရိသတ်များသည် သိကြသဖြင့် နောက်တော်သို့လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုကြိုဆိုလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ ကျန်းမာခြင်းလိုအပ်သောသူတို့ကိုလည်း ကျန်းမာစေတော်မူ၏။