ထိုအခါ လှေပေါ်၌ရှိသောသူတို့သည် ကိုယ်တော်ကိုရှိခိုးလျက် “ကိုယ်တော်သည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်ပါ၏”ဟု လျှောက်ကြ၏။
မဿဲ 8:27 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် အံ့ဩလျက် “ဤသူကား မည်သို့သောသူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု ပြောဆိုကြ၏။ Common Language Bible တပည့်တော်တို့သည်အံ့သြ၍ ``ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြပါတကား'' ဟုဆိုကြ၏။ Garrad Bible တ ပည့် တော် တို့ လည်း အံ့ သြ၍ ဤ သူ ကား မည် သို့ သော သူ နည်း။ လေ နှင့် ရေ ပင် အ မိန့် တော် ကို နား ထောင် ရ ပါ သည် တ ကား ဟု ဆို ကြ ၏။ Judson Bible ထိုလူတို့ကလည်း၊ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည်တကားဟု အံ့ဩကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့သည် အံ့အားသင့်လျက် “ဤသူသည် မည်သူနည်း။ လေနှင့် လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟူ၍ ပြောဆိုကြ၏။ မြန်မာ ထိုလူတို့ကလည်း၊ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည်တကားဟု အံ့ဩကြ၏။- |
ထိုအခါ လှေပေါ်၌ရှိသောသူတို့သည် ကိုယ်တော်ကိုရှိခိုးလျက် “ကိုယ်တော်သည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်ပါ၏”ဟု လျှောက်ကြ၏။
လူထုပရိသတ်တို့သည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများ အကောင်းပကတိဖြစ်ကြသည်ကိုလည်းကောင်း၊ ခြေမသန်စွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မျက်စိမြင်ကြသည်ကိုလည်းကောင်း တွေ့မြင်လျက် အံ့သြကြကာ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်ကိုချီးမွမ်းကြ၏။
ယေရှုသည် ထိုစကားကိုကြားလျှင် အံ့ဩ၍ နောက်တော်သို့လိုက်သောသူတို့အား“သင်တို့ကို ငါအမှန်ဆိုမည်။ ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းရှိသောသူတစ်စုံတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးချေ။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
ထို့နောက် ကိုယ်တော်သည် ပင်လယ်တစ်ဖက်ကမ်းရှိ ဂါဒရနယ်သားတို့၏အရပ်ဒေသသို့ ရောက်တော်မူလျှင် နတ်ဆိုးပူးသူနှစ်ဦးသည် သင်္ချိုင်းမှထွက်လာ၍ ကိုယ်တော်ကိုဆီးကြိုကြ၏။ သူတို့သည် အလွန်ကြမ်းတမ်းသည်ဖြစ်၍ ထိုလမ်းကို မည်သူမျှ ဖြတ်၍မသွားနိုင်ကြချေ။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤအရာကား မည်သို့နည်း။ အခွင့်အာဏာပါသည့် သွန်သင်ချက်အသစ်ပါတကား။ ညစ်ညူးသောနတ်များကိုပင် အမိန့်ပေးလေရာ ၎င်းတို့သည် ကိုယ်တော်ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းဆွေးနွေးပြောဆိုကြ၏။
ထို့နောက် သူတို့ရှိရာ လှေပေါ်သို့တက်တော်မူသော် လေသည်ငြိမ်သွားလေ၏။ သူတို့သည် အလွန်အမင်းအံ့သြငေးမောကြ၏။
လူတို့သည် အတိုင်းထက်အလွန်အံ့အားသင့်လျက် “ကိုယ်တော်သည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားမကြားသောသူကို ကြားစေတော်မူ၍ ဆွံ့အသောသူကိုစကားပြောစေတော်မူ၏”ဟု ပြောဆိုကြ၏။