ရှင်မာကု 1:27 - မြန်မာ့စံမီသမ္မာကျမ်း27 လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤအရာကား မည်သို့နည်း။ အခွင့်အာဏာပါသည့် သွန်သင်ချက်အသစ်ပါတကား။ ညစ်ညူးသောနတ်များကိုပင် အမိန့်ပေးလေရာ ၎င်းတို့သည် ကိုယ်တော်ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းဆွေးနွေးပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 လူအပေါင်းတို့သည်လွန်စွာအံ့သြကြလျက် ``ဤ အချင်းအရာကားအဘယ်သို့နည်း။ သြဝါဒသစ် တစ်မျိုးပေလော။ သူသည်ညစ်ညမ်းသောနတ်များကို အာဏာနှင့်အမိန့်ပေး၍ နတ်တို့ကလိုက်နာကြ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible27 ရှိ သ မျှ တို့ လည်း အံ့ သြ ၍ မည် သူ နည်း၊ အ ခွင့် အာ ဏာ နှင့် ပေး သော ဒေ သ နာ သစ် ပါ တ ကား။ နတ် ဆိုး များ ပင် အ မိန့် ရှိ က လိုက် နာ ကြ ပါ သည် တ ကား ဟု အ ချင်း ချင်း မေး မြန်း ပြော ဆို ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်း မေးမြန်းပြောဆိုကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း27 လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသွန်သင်မှုအသစ်သည် မည်သို့နည်း။ အာဏာပါသည့် သွန်သင်မှုပါတကား။ နတ်ဆိုးများပင် သူ၏ အမိန့်ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ27 လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်း မေးမြန်းပြောဆိုကြ၏။- အခန်းကိုကြည့်ပါ။ |
လူထုပရိသတ်တို့သည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများ အကောင်းပကတိဖြစ်ကြသည်ကိုလည်းကောင်း၊ ခြေမသန်စွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မျက်စိမြင်ကြသည်ကိုလည်းကောင်း တွေ့မြင်လျက် အံ့သြကြကာ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်ကိုချီးမွမ်းကြ၏။
သူတို့သည် ဂျေရုဆလင်မြို့သို့တက်သွားကြစဉ် လမ်း၌ ယေရှုသည် သူတို့ရှေ့မှကြွတော်မူသဖြင့် တပည့်တော်တို့သည်အံ့အားသင့်ကြ၏။ နောက်တော်သို့လိုက်သောသူတို့သည်လည်း ကြောက်ရွံ့ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို တစ်ဖန်ခေါ်လျက် မိမိ၌ဖြစ်ပျက်လာတော့မည့်အရာများကို သူတို့အား မြွက်ဆိုတော်မူ၍
ဤသို့ဆိုခြင်းမှာ အကျွန်ုပ်သည်လည်း အမိန့်အာဏာအောက်၌ရှိသောသူတစ်ယောက်ဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင် စစ်သားများရှိပါသည်။ ဤတစ်ယောက်ကို ‘သွားပါ’ဟု အကျွန်ုပ်ဆိုလျှင် သူသည်သွား၍ အခြားတစ်ယောက်ကို ‘လာပါ’ဟု ဆိုလျှင် သူသည်လာပါသည်။ အကျွန်ုပ်၏အစေအပါးကိုလည်း ‘ဤအရာကိုလုပ်ပါ’ဟု ဆိုလျှင် သူသည်လုပ်ပါသည်”ဟူ၍ လျှောက်လေ၏။