ထာဝရဘုရားက “မုန်တိုင်းဒဏ်အလူးအလိမ့်ခံရ၍ နှစ်သိမ့်ခြင်းမရသော အချင်းအဖိနှိပ်ခံရသူ၊ ကြည့်ရှုလော့။ သင်၏တိုက်ကို စိမ်းပြာရောင်ကျောက်ဖြင့်တည်၍ နီလာဖြင့်အုတ်မြစ်ချမည်။
မဿဲ 8:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပင်လယ်ပေါ်၌ ပြင်းထန်သောမုန်တိုင်းကျရောက်လာသဖြင့် လှေသည် လှိုင်းများအောက် နစ်လုမတတ်ဖြစ်လေ၏။ သို့သော် ကိုယ်တော်သည် အိပ်စက်နေတော်မူ၏။ Common Language Bible အိုင်ထဲတွင်ရုတ်တရက်လေမုန်တိုင်းကျလာသဖြင့် လှေသည်လှိုင်းတံပိုးများထဲတွင်နစ်လုမတတ် ရှိတော့၏။ သို့ရာတွင်ကိုယ်တော်ကားအိပ်စက် လျက်နေတော်မူ၏။- Garrad Bible အိုင် ရေ အ လွန် လှုပ် ရှား သ ဖြင့် လှိုင်း များ သည် လှေ ကို လွှမ်း မိုး၏။ ကိုယ် တော် မူ ကား စက် တော် ခေါ် လျက် နေ တော် မူ၏။ Judson Bible ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရုတ်တရက် အိုင်ထဲတွင် လေပြင်းမုန်တိုင်းကျလာသဖြင့် လှေသည် လှိုင်းတံပိုးများအောက်တွင် နစ်လုမတတ်ရှိ၏။ သို့သော် ထိုအချိန်တွင် ယေရှုသည် အိပ်စက်နေတော်မူ၏။ မြန်မာ ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။- |
ထာဝရဘုရားက “မုန်တိုင်းဒဏ်အလူးအလိမ့်ခံရ၍ နှစ်သိမ့်ခြင်းမရသော အချင်းအဖိနှိပ်ခံရသူ၊ ကြည့်ရှုလော့။ သင်၏တိုက်ကို စိမ်းပြာရောင်ကျောက်ဖြင့်တည်၍ နီလာဖြင့်အုတ်မြစ်ချမည်။
တောင်များသည် ကိုယ်တော်ကိုမြင်လျှင် တုန်လှုပ်ကြပါ၏။ မိုးသက်မုန်တိုင်းလည်း တိုက်ခတ်ပါ၏။ နက်ရှိုင်းရာအရပ်သည် ဟုန်းသံပေး၍ မိမိလက်များကိုလည်း အထက်သို့မြှောက်ပါ၏။
ထို့နောက် ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူလျှင် တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။
တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးလျက် “သခင်ဘုရား၊ ကယ်တော်မူပါ။ အကျွန်ုပ်တို့သေရပါတော့မည်”ဟု လျှောက်ကြ၏။
သူတို့ရွက်လွှင့်နေစဉ် ကိုယ်တော်သည် အိပ်စက်တော်မူ၏။ ထိုအခါ အိုင်ပေါ်တွင် လေမုန်တိုင်းကျလာသဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်၍ သူတို့သည် အန္တရာယ်နှင့်ရင်ဆိုင်ကြရ၏။
သို့သော် သင်တို့ယုံကြည်ကြရန် ထိုအရပ်၌ ငါမရှိခဲ့သည်ကို သင်တို့အတွက် ငါဝမ်းမြောက်၏။ မည်သို့ပင်ဖြစ်စေ သူ့ထံသို့သွားကြစို့”ဟု မိန့်တော်မူ၏။