အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 7:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုနည်းတူ ကောင်း​သော​အပင်​တိုင်း​သည် ကောင်း​သော​အသီး​ကို​သီး​တတ်​၏။ မကောင်း​သော​အပင်​မူကား မကောင်း​သော​အသီး​ကို​သီး​တတ်​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

အပင်​ကောင်း​သည်​အ​သီး​ကောင်း​ကို​သီး​တတ်​၏။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး​တတ်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကောင်း သော အ ပင် တိုင်း ကောင်း သော အ သီး၊ မ ကောင်း သော အ ပင် တိုင်း မ ကောင်း သော အ သီး ကို သီး တတ်၏။

အခန်းကိုကြည့်ပါ။

Judson Bible

ကောင်း​သော​အ​ပင်​သည် ကောင်း​သော​အ​သီး၊ မ​ကောင်း​သော​အ​ပင်​သည် မ​ကောင်း​သော​အ​သီး​ကို သီး​တတ်၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကောင်းသော​အပင်​သည် ကောင်းသော​အသီး​ကို သီးတတ်၏။ မကောင်းသော​အပင်​သည် မကောင်းသော​အသီး​ကို သီးတတ်၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ကောင်း​သော​အ​ပင်​သည် ကောင်း​သော​အ​သီး၊ မ​ကောင်း​သော​အ​ပင်​သည် မ​ကောင်း​သော​အ​သီး​ကို သီး​တတ်၏။-

အခန်းကိုကြည့်ပါ။



မဿဲ 7:17
15 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​ကား ရေစီး​သော​ချောင်း​နားမှာ စိုက်​ထား​၍ မိမိ​အချိန်တန်​သောအခါ​အသီး​သီး​ပြီး အရွက်​မ​ညှိုးနွမ်း​တတ်​သော​အပင်​နှင့်​တူ​၏​။ ပြု​လေသမျှ​တို့​၌​အောင်မြင်​တတ်​၏​။


ငိုကြွေးမြည်တမ်း​နေ​သော ဇိအုန်​မြို့သား​တို့​အဖို့ ပြာ​အစား​ခေါင်းပေါင်း​၊ ငိုကြွေးမြည်တမ်း​ခြင်း​အစား ရွှင်မြူး​ခြင်း​ဆီ​၊ ညှိုးငယ်​သော​စိတ်​အစား ချီးမွမ်း​ခြင်း​အဝတ်​ကို စီရင်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ဘုန်း​တော်​ထင်ရှား​စေရန် ထာဝရဘုရား​စိုက်ပျိုး​တော်မူ​သော ဖြောင့်မတ်​ခြင်း​ဝက်သစ်ချပင်​ဟု သူ​တို့​ကို ခေါ်ဝေါ်​ကြ​လိမ့်မည်​။


ငါ​သည် သတ်​ရန်​ခေါ်ဆောင်​သွား​သည့် နူးညံ့​သော​သိုးသငယ်​ကဲ့သို့​ဖြစ်​၏​။ “​သူ​၏​အပင်​ကို အသီး​နှင့်တကွ ဖျက်ဆီး​ကြ​ကုန်​စို့​။ သူ​၏​အမည်​ကို နောက်ထပ်​အမှတ်​မ​ရ​စေရန် လူ့လောက​မှ သူ့​ကို​ဖယ်ရှား​ကြ​ကုန်​စို့​”​ဟု ဆို​လျက် ငါ့​ကို လျှို့ဝှက်ကြံစည်​နေ​ကြ​သည်​ကို ငါ​မ​သိ​ခဲ့​ပေ​။


ထို​သူ​သည် ရေ​ရှိ​ရာ​တွင်​စိုက်​ထား​၍ မြစ်​နား​အထိ​အမြစ်​ဖြာ​သော​အပင်​ကဲ့သို့​ဖြစ်​မည်​။ နေအပူဒဏ်​ကို မ​ကြောက်​၊ မိုးခေါင်​သော​နှစ်​တွင်​လည်း မ​စိုးရိမ်​။ အရွက်​များ စိမ်းလန်း​လျက်​ရှိ​၏​၊ အသီး​လည်း ပြတ်​မည်​မ​ဟုတ်​။


ကောင်း​သော​အပင်​သည် မကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ မကောင်း​သော​အပင်​သည်​လည်း ကောင်း​သော​အသီး​ကို​မ​သီး​နိုင်။


အကြောင်းမူကား အလင်း​၏​အသီးအပွင့်​သည် အလုံးစုံ​သော​ကောင်းမြတ်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် မှန်ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။


ယေရှု​ခရစ်တော်​အားဖြင့် ဖြောင့်မတ်​ခြင်း​အသီးအပွင့်​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ထင်ရှား​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​အဖြစ်​သို့​ရောက်​မည့်​အကြောင်း ငါ​ဆုတောင်း​၏။


ကောင်း​သော​အမှု​အမျိုးမျိုး​တည်းဟူသော အသီး​ကို​သီး​ကာ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​၌​ကြီးထွား​သဖြင့် အရာရာ​၌ သခင်​ဘုရား​ကို​နှစ်သက်​စေ​၍ ကိုယ်တော်​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​နိုင်​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။


သူ​တို့​သည် သင်​တို့​နှင့်အတူ​စား​သောက်​သောအခါ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ မိမိ​တို့​အတွက်​သာ ဂရုစိုက်​လျက် သင်​တို့​၏​မေတ္တာ​ပွဲ​၌ အစွန်းအထင်း​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် လေ​၌​လွင့်ပါ​သွား​သော မိုးရေ​မ​ပါ​သည့်​မိုးတိမ်​များ၊ အမြစ်​ပါ​မကျန်​ဆွဲနုတ်​ခံရ​၍ နှစ်​ကြိမ်​သေ​သည့် အသီး​မ​သီး​သော ဆောင်းဦး​ကာလ​သစ်ပင်​များ၊