အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 6:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပိုးမွှား​နှင့်​သံချေး​ဖျက်ဆီး​တတ်​၍ သူခိုး​များ​ဖောက်ထွင်း​ခိုးယူ​နိုင်​ရာ မြေကြီး​ပေါ်၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အတွက် သိုမှီး​မ​ထား​ကြ​နှင့်။

အခန်းကိုကြည့်ပါ။

Common Language Bible

``သံ​ချေး​ပိုး​ရွ​ဖျက်​ဆီး​တတ်​၍​သူ​ခိုး​ဋ္ဌား​ပြ ထွင်း​ဖောက်​ခိုး​ယူ​နိုင်​သော​လော​က​ဘဏ္ဍာ​ကို မ​စု​ဆောင်း​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပိုး မွှား ချေး​ ညှော် စား လျက် သူ ခိုး ထွင်း ဖောက် ခိုး ယူ တတ် ရာ ဤ မြေ ကြီး ပေါ် တွင် ဘ ဏ္ဍာ များ ကို သို မှီး၍ မ ထား ကြ နှင့်။

အခန်းကိုကြည့်ပါ။

Judson Bible

သံ​ချေး၊ ပိုး​ရွ​ဖျက်​ဆီး၍ သူ​ခိုး​ထွင်း​ဖောက်​ခိုး​ယူ​ရာ မြေ​ကြီး​ပေါ်​မှာ ဘ​ဏ္ဍာ​ကို မ​ဆည်း​ပူး​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သံချေး​နှင့်​ပိုး ဖျက်ဆီး​၍ သူခိုး​ဖောက်ထွင်း​ခိုးယူနိုင်သော လောက​၌ ဘဏ္ဍာ​ကို မစုဆောင်းကြနှင့်။

အခန်းကိုကြည့်ပါ။

မြန်မာ

သံ​ချေး၊ ပိုး​ရွ​ဖျက်​ဆီး၍ သူ​ခိုး​ထွင်း​ဖောက်​ခိုး​ယူ​ရာ မြေ​ကြီး​ပေါ်​မှာ ဘ​ဏ္ဍာ​ကို မ​ဆည်း​ပူး​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။



မဿဲ 6:19
23 ပူးပေါင်းရင်းမြစ်များ  

သူခိုး​တို့​သည် မှောင်ရိပ်ခို​ပြီး အိမ်​ကို​ဖောက်ထွင်း​၏​။ နေ့​အချိန်​တွင်​မူကား အလင်း​ကို​ရှောင်​၍ အိမ်​ထဲတွင် ပုန်းအောင်း​နေ​၏​။


ငါ​သည် ရွှေ​ကို​အားကိုး​၍ ရွှေစင်​ကို ကိုးစား​ခဲ့​မိ​လျှင်​၊


အကယ်စင်စစ် လူ​သည်​အရိပ်​ကဲ့သို့​သွားလာ​ပါ​၏​။ သူ​တို့​သည် အချည်းနှီး​သော​အရာ​ကြောင့်သာ မငြိမ်မသက်​ဖြစ်​တတ်​ကြ​ပါ​၏​။ လူ​သည် ဥစ္စာ​များ​စုဆောင်း​သော်လည်း ၎င်း​တို့​အား မည်သူ​ရ​မည်​ကို​မ​သိ​ပါ​။


ဖိနှိပ်ချုပ်ချယ်မှု​ကို ယုံကြည်ကိုးစား​ခြင်း​မ​ပြု​ကြ​နှင့်​။ လုယက်မှု​အပေါ်​၌​လည်း အချည်းနှီး​မ​မျှော်လင့်​ကြ​နှင့်​။ ဥစ္စာပစ္စည်း​တိုးပွား​လျှင်လည်း ထို​အရာ​တို့​ကို စိတ်​စွဲလမ်း​ခြင်း​မ​ရှိ​ကြ​နှင့်​။


သူခိုး​သည် ဖောက်ထွင်း​စဉ် အဖမ်း​ခံရ​၍ သူ့​ကို​ရိုက်နှက်​သဖြင့် သူ​သေ​သွား​လျှင် ရိုက်သောသူ​၌ လူသတ်​သော​အပြစ်​မ​ရှိ​။


အမျက်​တော်​ထင်ရှား​ရာ​နေ့​၌ စည်းစိမ်ဥစ္စာ​သည် အကျိုး​မ​ရှိ​။ ဖြောင့်မတ်​ခြင်း​မူကား သေ​ခြင်း​မှ​ကယ်နုတ်​တတ်​၏​။


ရွှေ​ကို​ရရှိ​ခြင်း​ထက် ဉာဏ်ပညာ​ကို​ရရှိ​ခြင်း​သည် အလွန်​ကောင်း​၏​။ ငွေ​ကို​ရရှိ​ခြင်း​ထက် အသိဉာဏ်​ရရှိ​ခြင်း​ကို ရွေးချယ်​ရန်​ကောင်း​၏​။


အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် မိမိ​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား ဉာဏ်ပညာ​၊ အသိပညာ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ကို ပေး​တော်မူ​၏​။ အပြစ်ပြု​သော​သူ​ကို​ကား ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား​ပေးအပ်​ရန်​အတွက် စုသိမ်း​၍​သိုမှီး​ထား​ရ​သည့်​အလုပ်​ကို ပေး​တော်မူ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


ထာဝရဘုရား​၏​အမျက်​တော်​ကျရောက်​သော​နေ့​၌ သူ​တို့​၏​ရွှေ​ငွေ​များ​သည် သူ​တို့​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​။ သဝန်တို​ခြင်း​မီး​သည် မြေ​တစ်ပြင်လုံး​ကို လောင်ကျွမ်း​သွား​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​ကို ထိတ်လန့်​တုန်လှုပ်​စွာ​ဖြင့် ဘဝနိဂုံးချုပ်​စေ​မည်​။


ယေရှု​က“သင်​သည် စုံလင်​ခြင်း​သို့​ရောက်​လို​လျှင် သွား​၍ သင်​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ပေးကမ်း​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌​ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။


ပိုးမွှား​နှင့်​သံချေး​မ​ဖျက်ဆီး​တတ်၊ သူခိုး​များ​လည်း မ​ဖောက်ထွင်း​မ​ခိုးယူ​နိုင်​ရာ​ကောင်းကင်​ဘုံ​၌ သင်​တို့​အတွက်​ဥစ္စာ​ဘဏ္ဍာ​များ​ကို သိုမှီး​ထား​ကြ​လော့။


မိမိ​အတွက် ဥစ္စာ​များ​ကို​သိုမှီး​ထား​သော်လည်း ဘုရားသခင်​၏​ရှေ့​တော်​၌ ကြွယ်ဝ​ခြင်း​မ​ရှိ​သော​သူ​သည် ဤ​သူဌေး​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ မိမိ​တို့​အတွက် မ​ဟောင်းနွမ်း​နိုင်​သော ပိုက်ဆံ​အိတ်​များ​ကို​ပြုလုပ်​ကြ​၍ သူခိုး​မ​ကပ်၊ ပိုးမွှား​လည်း​မ​ဖျက်ဆီး​ရာ ကောင်းကင်​ဘုံ​၌ မ​ကုန်ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သိုမှီး​ကြ​လော့။


အိမ်ရှင်​သည် သူခိုး​လာ​မည့်​အချိန်​ကို​သိ​ထား​လျှင် မိမိ​အိမ်​ကို ဖောက်ထွင်း​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း သိမှတ်​ကြ​လော့။


ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​အားလုံး​တို့​ကို ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ခွဲဝေ​ပေး​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။


ယေရှု​သည် ထို​သူ​အလွန်​ဝမ်းနည်း​သည်​ကို​မြင်​လျှင်“ငွေကြေး​ချမ်းသာ​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား။


ဤ​လောက​၌ ချမ်းသာ​သော​သူ​တို့​သည် စိတ်နေမြင့်​ခြင်း၊ မ​မြဲ​သော​စည်းစိမ်​များ​အပေါ်၌ မျှော်လင့်​အားထား​ခြင်း​မ​ရှိ​ဘဲ ပျော်ရွှင်​မှု​အတွက် အလုံးစုံ​တို့​ကို ငါ​တို့​အား ကြွယ်ဝ​စွာ​ပေး​သနား​တော်မူ​သော ဘုရားသခင်​အပေါ်၌ မျှော်လင့်​အားထား​ကြ​ရန်​လည်းကောင်း၊


အသက်ရှင်​နေထိုင်​မှု​တွင် ငွေ​ကို​တပ်မက်​ခြင်း​မ​ရှိ​ဘဲ မိမိ​၌​ရှိ​သော​အရာ​နှင့် ရောင့်ရဲ​ကြ​လော့။ အကြောင်းမူကား “ငါ​သည် မည်သည့်​အခါ​မျှ သင့်​ကို​စွန့်ခွာ​မည်​မ​ဟုတ်။ မည်သည့်​အခါ​မျှ သင့်​ကို​ပစ်ပယ်​မည်​မ​ဟုတ်”​ဟု ကိုယ်တော်​မိန့်​တော်မူ​၏။