အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 5:45 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့မှသာ သင်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် မကောင်း​သော​သူ​များ​နှင့်​ကောင်း​သော​သူ​များ​အပေါ် မိမိ​၏​နေ​ကို​ထွက်​စေ​တော်မူ​၍ ဖြောင့်မတ်​သော​သူ​များ​နှင့်​မ​ဖြောင့်မတ်​သော​သူ​များ​အပေါ် မိုး​ရွာ​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​မှ​သာ​သင်​တို့​သည်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ အ​ဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည် လူ​ဆိုး​လူ​ကောင်း​များ​အ​ပေါ်​၌​နေ​ရောင်​ခြည် ကို​သက်​ရောက်​စေ​တော်​မူ​၏။ သူ​တော်​ကောင်း၊ သူ ယုတ်​မာ​များ​အ​ပေါ်​၌​မိုး​ကို​ရွာ​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ပြု လျှင် လူ ဆိုး လူ ကောင်း တို့ အ ပေါ်၌ နေ ကို ထွက် စေ တော် မူ သော သူ တော် မ သူ တော် တို့ အ ပေါ်၌ မိုး ကို ရွာ စေ တော် မူ ထ သော ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ၏ သား များ မှန် ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည်၊ ကောင်း​သော​သူ မ​ကောင်း​သော​သူ​တို့​အ​ပေါ်၌ ကိုယ်​တော်၏​နေ​ကို ထွက်​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ မ​ဖြောင့်​မတ်​သော​သူ​တို့ အ​ပေါ်၌ မိုး​ကို ရွာ​စေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုသို့ ပြု​လျှင် သင်တို့​သည် ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဖ​၏​သားသမီးများ ဖြစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကောင်းသော​သူ​နှင့် မကောင်းသော​သူ အပေါ်​တွင် နေ​ကို ထွက်ပေါ်စေတော်မူ​သောကြောင့်​ဖြစ်၏။ ဖြောင့်မတ်သောသူ​နှင့် မဖြောင့်မတ်သောသူ အပေါ်​၌ မိုး​ကို ရွာစေတော်မူ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည်၊ ကောင်း​သော​သူ မ​ကောင်း​သော​သူ​တို့​အ​ပေါ်၌ ကိုယ်​တော်၏​နေ​ကို ထွက်​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ မ​ဖြောင့်​မတ်​သော​သူ​တို့ အ​ပေါ်၌ မိုး​ကို ရွာ​စေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။



မဿဲ 5:45
10 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​စစ်သည်​တော်​များ​ကို ရေတွက်​နိုင်​သလော​။ ကိုယ်တော့်​ထံမှ​အလင်း​တော်​ကို မ​ခံယူ​ရ​သူ ရှိ​သလော​။


ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​တို့​အပေါ် ကောင်းမြတ်​တော်မူ​၏​။ မိမိ​ပြုလုပ်​ဖန်ဆင်း​သော​အရာ​အားလုံး​ကို​လည်း သနားစုံမက်​တော်မူ​၏​။


မိုးဦး​၊ မိုးနှောင်း​ကို အချိန်မှန် ရွာ​စေ​တော်မူ​ပြီး ငါ​တို့​အဖို့ သီးနှံရိတ်သိမ်း​ရ​မည့်​သီတင်းပတ်​များ​ကို သတ်မှတ်​ပေး​၍ တည်မြဲ​စေ​တော်မူ​သော​ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​ကုန်စို့​ဟု စိတ်​ထဲ၌​ပင် သူ​တို့​မ​တွေး​ကြ​ပေ​။


ငြိမ်းချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​သား​များ​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


သို့သော် သင်​တို့​သည် သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အမှု​ကို​ပြု​ကြ​လော့။ မည်သည့်​အရာ​မျှ ပြန်လည်​ရရှိ​ရန်​မ​မျှော်လင့်​ဘဲ ချေးငှား​ကြ​လော့။ ထိုသို့ပြုလျှင် သင်​တို့​ရရှိ​မည့်​ဆုလာဘ်​သည်​ကြီးမား​၍ သင်​တို့​သည် အမြင့်ဆုံး​သော​ဘုရား​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​အရှင်​သည် ကျေးဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေးဇူးပြု​တော်မူ​၏။


သင်​တို့​အချင်းချင်း​ကြား၌ ချစ်​ခြင်း​မေတ္တာ​ရှိ​လျှင် ထို​ချစ်​ခြင်း​မေတ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ့​တပည့်​များ​ဖြစ်​ကြောင်း​ကို လူ​အပေါင်း​တို့​သိ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သို့သော် မိမိ​အကြောင်း​ကို သက်သေ​မ​ခံ​ဘဲ​နေ​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် သင်​တို့​အတွက် ကောင်းကင်​မှ​မိုး​ရွာ​စေ​တော်မူ​၍ အသီးအနှံ​ဖြစ်ထွန်း​သော ရာသီ​တို့​ကို​ပေး​ကာ အစာ​အာဟာရ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ဖြင့် သင်​တို့​စိတ်နှလုံး​ကို ပြည့်ဝ​စေ​လျက် ကောင်း​သော​အမှု​ကို ပြု​တော်မူ​၏”​ဟု အော်ဟစ်​ပြောဆို​ကြ​၏။


ထို့ကြောင့် ချစ်​တော်မူ​သော​သားသမီး​များ​အဖြစ် ဘုရားသခင်​ကို အတုယူ​သူ​များ​ဖြစ်​ကြ​လော့။


ဤသည်ကား ကောက်ကျစ်​၍​ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်​၏​အလယ်​တွင် သင်​တို့​သည် ရိုးသား​ဖြူစင်​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​များ၊ အပြစ်​အနာအဆာ​ကင်း​သော ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​ပြီး အသက်​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​ကို​စွဲကိုင်​ထား​လျက် ဤ​လောက​၌​ရှိ​သော​အလင်းရောင်​များ​ကဲ့သို့ သူ​တို့​အထဲ​တွင် ထွန်းလင်း​ကြ​မည့်​အကြောင်း​တည်း။


ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ မည်သူ​၌​မဆို ဘုရားသခင်​၏​မျိုးစေ့​တည်​နေ​သည်​ဖြစ်၍ ထို​သူ​သည် အပြစ်​ကို​ပြု​နေ​ခြင်း​မ​ရှိ။ သူ​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သောကြောင့် အပြစ်​ကို​ဆက်၍​မ​ပြု​နိုင်။