ထိုအခါ ခေနာနာ၏သားဇေဒကိသည် မိက္ခာယအနားသို့လာပြီး ပါးကိုရိုက်၏။ ထို့နောက် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သင်နှင့်စကားပြောရန် ငါ့ထံမှ မည်သည့်အချိန်က ထွက်သွားသနည်း”ဟု မေး၏။
မဿဲ 5:39 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့အား ငါဆိုမည်။ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ယာဘက်ပါးကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။ Common Language Bible သို့ရာတွင်သင့်အားပြစ်မှားသူကိုလက်စားမချေ နှင့်ဟုငါဆို၏။ သင်၏လက်ယာပါးကိုရိုက်သူ အားအခြားပါးတစ်ဖက်လည်းရိုက်စေဦးလော့။- Garrad Bible ငါ ဆို သည် ကား လူ ဆိုး ကို မ ခု ခံ နှင့်။ မည် သူ မ ဆို သင်၏ လကျ်ာ ပါး ကို ရိုက် လျှင် လက် ၀ဲ ပါး ကို ခံ ဦး လော့။ Judson Bible ငါပညတ်သည်ကား၊ နှောင့်ယှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကို လှည့်၍ပေးဦးလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း သင်တို့အား ငါပြောဆိုသည်မှာ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်ပေးလော့။ မြန်မာ ငါပညတ်သည်ကား၊ နှောင့်ယှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကို လှည့်၍ပေးဦးလော့။- |
ထိုအခါ ခေနာနာ၏သားဇေဒကိသည် မိက္ခာယအနားသို့လာပြီး ပါးကိုရိုက်၏။ ထို့နောက် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သင်နှင့်စကားပြောရန် ငါ့ထံမှ မည်သည့်အချိန်က ထွက်သွားသနည်း”ဟု မေး၏။
လူတို့သည် ငါ့ကိုဝိုင်းအုံ၍ ပါးစပ်ဖြဲပြကြ၏။ ငါ့ကိုကဲ့ရဲ့၍ ပါးရိုက်ကြ၏။
“မကောင်းမှုကိုငါတုံ့ပြန်မည်”ဟု မဆိုနှင့်။ ထာဝရဘုရားကိုသာ စောင့်မျှော်လော့။ သို့ပြုလျှင် ကိုယ်တော်သည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။
“ငါ့အပေါ်သူပြုခဲ့သည့်အတိုင်း သူ့အပေါ်ငါပြုမည်။ သူ၏လုပ်ဆောင်မှုနှင့်အညီ သူ့ကို ငါတုံ့ပြန်မည်”ဟု မဆိုနှင့်။
ရိုက်နှက်သူတို့အား ငါ့ကျောကိုပေး၏။ မုတ်ဆိတ်ဆွဲနုတ်သူတို့အား ငါ့ပါးကိုပေး၏။ အသရေဖျက်ခံရခြင်း၊ တံတွေးထွေးခံရခြင်းမှ ငါ့မျက်နှာကို ငါမလွှဲ။
သင်၏အမျိုးသားချင်းကို လက်တုံ့မပြန်ရ။ အငြိုးမထားရ။ ကိုယ့်အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
အို စစ်သမီးပျိုတပ်ဖွဲ့တို့၊ စုဝေးကြလော့။ ငါတို့ ဝိုင်းထားခံရပြီ။ အစ္စရေးအုပ်ချုပ်သူတို့၏ပါးကို ကြိမ်လုံးနှင့်ရိုက်ကြပြီ။
သင့်ကိုတရားစွဲ၍ သင်၏အင်္ကျီကို ယူလိုသောသူအား ဝတ်ရုံကိုလည်း ယူခွင့်ပေးလော့။
မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် “သင့်အားမည်သူရိုက်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကို စွပ်စွဲစရာအကြောင်း တွေ့ရှိနိုင်ရန်အတွက် ကိုယ်တော်သည် ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေမည်၊ မငြိမ်းစေမည်ကို စောင့်ကြည့်နေကြ၏။
ယေရှုကလည်း“ငါပြောသောအရာမမှန်လျှင် မမှန်သည့်အကြောင်းကို ထောက်ပြလော့။ မှန်သည်ဆိုလျှင် အဘယ်ကြောင့် ငါ့ကိုရိုက်သနည်း”ဟု ထိုသူအား မိန့်တော်မူ၏။
အမှန်စင်စစ် သင်တို့အချင်းချင်းတရားတွေ့ခြင်းအမှုသည် သင်တို့အတွက် လုံးလုံးရှုံးနိမ့်ခြင်းပင်ဖြစ်၏။ ထိုသို့တရားတွေ့မည့်အစား မတရားပြုခြင်းကိုသာ အဘယ်ကြောင့်မခံကြသနည်း။ လိမ်ညာလုယူခြင်းကိုသာ အဘယ်ကြောင့်မခံကြသနည်း။
မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။
သင်တို့သည် အပြစ်နှင့်တိုက်ခိုက်ရာတွင် သွေးမြေကျသည့်တိုင်အောင် ခုခံတွန်းလှန်ခြင်းကိုမပြုကြရသေး။
သင်တို့သည် ဖြောင့်မတ်သောသူကို အပြစ်ရှိသည်ဟုသတ်မှတ်၍ သတ်ကြပြီ။ သူသည် သင်တို့ကို ဆန့်ကျင်ခြင်းမပြုချေ။
သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေဆက်ခံရမည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသည်ဖြစ်၍ အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကဲ့ရဲ့ပြစ်တင်ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ဘဲ ကောင်းချီးကိုသာပေးကြလော့။