ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။
မဿဲ 5:28 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို ကိလေသာစိတ်နှင့်ကြည့်သောသူတိုင်းသည် သူ၏စိတ်နှလုံးထဲ၌ ထိုအမျိုးသမီးနှင့်ပြစ်မှားလေပြီ။ Common Language Bible သို့ရာတွင်တပ်မက်သောစိတ်ဖြင့်အမျိုးသမီး တစ်ဦးကိုကြည့်သူသည် မိမိ၏စိတ်တွင်ထိုအမျိုး သမီးကိုပြစ်မှားပြီဟုသင်တို့အားငါဆို၏။- Garrad Bible ငါ ဆို သည် ကား မိန် မ တစ် စုံ တစ် ယောက် ကို တပ် သော စိတ် နှင့် ကြည့် ရှု သူ တိုင်း စိတ် တွင် မှား ယွင်း လေ ပြီ။ Judson Bible ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးတစ်ဦးကို တဏှာစိတ်ဖြင့် ကြည့်သောသူသည် စိတ်ထဲ၌ ထိုအမျိုးသမီးကို ပြစ်မှားပြီ။ မြန်မာ ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။- |
ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။
တစ်ညနေတွင် ဒါဝိဒ်မင်းကြီးသည် အိပ်ရာမှထလာပြီး ဘုရင့်နန်းတော်ခေါင်မိုးပြင်သို့တက်၍ စင်္ကြံလျှောက်နေစဉ် အလွန်အဆင်းလှသောမိန်းမတစ်ဦး ရေချိုးနေသည်ကို ထိုခေါင်မိုးပြင်မှ လှမ်းမြင်ရ၏။
ငါ့မျက်စိနှင့် ကတိပြုထားပြီဖြစ်၍ မိန်းမပျိုကို အဘယ်သို့ကြည့်နိုင်မည်နည်း။
ငါသည် မိန်းမ၏သွေးဆောင်ရာသို့ စိတ်ပါသွားပြီး အိမ်နီးချင်းတံခါးဝတွင် ချောင်းမြောင်းမိလျှင်
ပြည့်စုံမှုရှိသမျှတို့၌ အကန့်အသတ်ရှိကြောင်းကို အကျွန်ုပ်မြင်ပါ၏။ ကိုယ်တော်၏ပညတ်တော်မူကား အလွန်ကျယ်ပြန့်ပါ၏။
သင့်အိမ်နီးချင်း၏အိမ်ကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏မယား၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ မတပ်မက်ရ။”
သင်၏စိတ်နှလုံးထဲတွင် ထိုမိန်းမ၏အလှကို မတပ်မက်နှင့်။ သူ့မျက်လွှာဖြင့် ညှို့ယူဖမ်းစားခြင်းကိုမခံနှင့်။
တပ်မက်သောစိတ်ဝင်၍ ခါလဒဲပြည်ရှိ ထိုသူတို့ထံသို့ တမန်များကို စေလွှတ်လေ၏။
အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
သို့သော် သင်တို့အား ငါဆိုမည်။ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ယာဘက်ပါးကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။
ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။
ယောက်ျားတစ်ယောက်သည် လင်ယောက်ျားရှိသောမိန်းမနှင့်အိပ်နေသည်ကို တွေ့မိလျှင် ယောက်ျားနှင့်မိန်းမ နှစ်ဦးစလုံး အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။
သူတို့၏မျက်စိသည် ဖောက်ပြန်လိုသောဆန္ဒနှင့်ပြည့်နှက်၍ အပြစ်ပြုရာမှရပ်တန့်ခြင်းမရှိကြ။ သူတို့သည် စိတ်မတည်ကြည်သောသူတို့ကို လှည့်ဖြားဆွဲဆောင်လျက် လောဘလွန်ကျူးခြင်း၌ကျင့်သားရသော စိတ်နှလုံးရှိ၍ ကျိန်ဆဲခြင်း၏သားသမီးများဖြစ်ကြ၏။
အကြောင်းမူကား လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယ၏တပ်မက်ခြင်း၊ မျက်စိ၏တပ်မက်ခြင်း၊ စည်းစိမ်၌ကြွားဝါခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာစပ်ဆိုင်၏။