ထိုအခါ ဖလားတော်ဝန်က ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ယနေ့ ကိုယ့်အပြစ်ကို ကိုယ်အောက်မေ့ပါ၏။
မဿဲ 5:23 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယဇ်ပလ္လင်၌ သင်၏ပူဇော်သက္ကာကိုဆက်သမည်ပြုစဉ် သင်၏ညီအစ်ကိုသည် သင့်အား အပြစ်တင်စရာတစ်စုံတစ်ခုရှိကြောင်း သင်သတိရလျှင် Common Language Bible သို့ဖြစ်၍သင်သည်ယဇ်ပလ္လင်တော်တွင်ပူဇော် သကာဆက်သမည်ပြုစဉ် မိမိအပေါ်၌ညီအစ်ကို တစ်ဦးတစ်ယောက်၏မကျေနပ်မှုကိုသတိရ ခဲ့သော်၊- Garrad Bible သို့ ဖြစ်၍ သင် သည် ပူ ဇော် သ က္ကာ ကို ပ လ္လင် တော်၌ ဆက် ကပ် စဉ် သင့် အ ပေါ် တွင် ညီ အစ် ကို ချင်း ကျေ နပ် စေ ရန် ရှိ သည် ဟု သ တိ ရ လျှင်၊ Judson Bible ထိုကြောင့် သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သကာကိုထား၍ သွားလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်သည် ယဇ်ပလ္လင်ရှေ့တွင် ပူဇော်စရာကို ဆက်သသောအခါ တစ်စုံတစ်ဦး၌ သင့်အား မကျေနပ်စရာအကြောင်းရှိသည်ကို သတိရမိလျှင် မြန်မာ ထိုကြောင့် သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သကာကိုထား၍ သွားလော့။- |
ထိုအခါ ဖလားတော်ဝန်က ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ယနေ့ ကိုယ့်အပြစ်ကို ကိုယ်အောက်မေ့ပါ၏။
ထို့ပြင် ရှင်ဘုရင်က ရှိမိအား “ငါ့ခမည်းတော် ဒါဝိဒ်မင်းကြီးအပေါ် သင်ပြုမိခဲ့သောအမှားများကိုလည်း သင်ကိုယ်တိုင်သိ၏။ ထာဝရဘုရားသည် သင်၏မကောင်းမှုကို သင့်ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။
မျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ပူဇော်သက္ကာလော၊ သို့မဟုတ် ပူဇော်သက္ကာကိုသန့်ရှင်းစေသည့် ယဇ်ပလ္လင်လော။
သင်၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့တွင်ထားခဲ့ပြီး သင်၏ညီအစ်ကိုထံသို့ ဦးစွာသွား၍ သူနှင့်ပြန်လည်သင့်မြတ်အောင်ပြုလော့။ ထို့နောက်မှ ပြန်လာ၍ သင်၏ပူဇော်သက္ကာကို ဆက်သလော့။
ထိုအခါ ယေရှုက“မည်သူ့ကိုမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း ပူဇော်သက္ကာကို ဆက်သလော့”ဟု ထိုသူအား မိန့်တော်မူ၏။
သင်တို့သည် မတ်တတ်ရပ်လျက် ဆုတောင်းကြသောအခါ တစ်ဦးတစ်ယောက်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် ခွင့်လွှတ်ကြလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်။
ဇက္ခဲသည်ရပ်လျက် “သခင်ဘုရား၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အားပေးပါမည်။ ထို့ပြင် တစ်စုံတစ်ဦးထံမှ တစ်စုံတစ်ရာကို မတရားတောင်းခံထားသည်ဆိုလျှင် လေးဆပြန်ပေးပါမည်”ဟု သခင်ဘုရားအားလျှောက်လေ၏။
ရှမွေလကလည်း “ထာဝရဘုရား၏စကားတော်ကို နာခံခြင်းထက် မီးရှို့ရာယဇ်ပူဇော်ခြင်းကို ထာဝရဘုရား ပို၍နှစ်သက်တော်မူမည်လော။ ကြည့်ရှုလော့။ နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပို၍ကောင်း၏။ အာရုံစိုက်နားထောင်ခြင်းသည် သိုးထီးအဆီထက် ပို၍ကောင်း၏။