ယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုများကို ထောင်ခန်းထဲ၌ကြားရသောအခါ မိမိတပည့်တို့ကိုစေလွှတ်၍
မဿဲ 4:12 - မြန်မာ့စံမီသမ္မာကျမ်း ယောဟန်အကျဉ်းချခံရကြောင်းကို ယေရှုသည်ကြားလျှင် ဂါလိလဲနယ်သို့ ကြွတော်မူ၏။ Common Language Bible သခင်ယေရှုသည်ယောဟန်အဖမ်းခံရကြောင်း ကိုကြားသောအခါဂါလိလဲပြည်သို့ထွက်ခွာ သွားတော်မူ၏။- Garrad Bible ယော ဟန် ပို့ အပ် ခံ ရ သည့် အ ကြောင်း ကို ကြား သော် ကိုယ် တော် သည် ဂါ လိ လဲ နယ် သို့ ထွက်၍ နာ ဇ ရက် မြို့ ကို စွန့် ပြီး လျှင်၊ Judson Bible ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်ထောင်ချခံရကြောင်းကို ကြားတော်မူသောအခါ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူ၏။ မြန်မာ ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊- |
ယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုများကို ထောင်ခန်းထဲ၌ကြားရသောအခါ မိမိတပည့်တို့ကိုစေလွှတ်၍
အကြောင်းမူကား ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲ၌ချထားခဲ့၏။
ယောဟန်အကျဉ်းချခံရပြီးနောက် ယေရှုသည် ဂါလိလဲနယ်သို့ကြွတော်မူ၍ ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို ဟောပြောလျက်
ထိုသို့ဆိုသည့်အကြောင်းမှာ ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် သူကိုယ်တိုင်လူလွှတ်၍ ယောဟန်ကိုဖမ်းဆီးကာ ထောင်ထဲ၌ ချုပ်နှောင်ထား၏။ အဘယ်ကြောင့်ဆိုသော် ဟေရုဒ်သည် ထိုမိန်းမနှင့်ထိမ်းမြားစုံဖက်သဖြင့်
သို့သော် သူတို့က “သူသည် ဂါလိလဲနယ်မှစ၍ ဤအရပ်ဒေသတိုင်အောင် ယုဒနယ်တစ်နယ်လုံး၌သွန်သင်လျက် လူထုကိုလှုံ့ဆော်ခဲ့ပါသည်”ဟု အပြင်းအထန်ပြောဆိုကြ၏။
ယောဟန်ကို ထောင်ထဲ၌ပိတ်လှောင်ထား၏။ ဤသို့ဖြင့် သူ၏မကောင်းမှုအလုံးစုံတို့အပေါ် မကောင်းမှုကို ထပ်ဆင့်ပြုလေ၏။
ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်ဝလျက် ဂါလိလဲနယ်သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်နှင့်ပတ်သက်သောသတင်းသည် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်၊ ကပေရနောင်မြို့သို့ဆင်းသွား၍ ဥပုသ်နေ့၌ လူတို့ကိုသွန်သင်တော်မူ၏။
နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲနယ်သို့ထွက်ခွာရန် အလိုတော်ရှိ၏။ ထိုအခါ ဖိလိပ္ပုကိုတွေ့လျှင်“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
ယေရှုသည် ဤပထမနိမိတ်လက္ခဏာကို ဂါလိလဲနယ်၊ ကာနမြို့၌ပြုလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
နှစ်ရက်လွန်သော် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ကြွတော်မူ၏။
ဤသည်ကား ယုဒနယ်မှ ဂါလိလဲနယ်ထဲသို့ ယေရှုကြွလာတော်မူပြီးနောက် ထပ်မံ၍ပြုတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်၏။