အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 27:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဆူးပင်​ကို​လည်း​သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ကျူရိုး​တစ်​ချောင်း​ကို လက်ယာ​လက်​ဖြင့် ကိုင်​စေ​ပြီးလျှင် ကိုယ်တော်​၏​ရှေ့၌​ဒူးထောက်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ပြောင်လှောင်​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​ဆူး​ခက်​ဖြင့်​ရက်​သည့်​သ​ရ​ဖူ​ကို​ဆောင်း ပေး​ကြ​၏။ ကူ​ရိုး​တစ်​ချောင်း​ကို​လက်​ယာ​လက်​တော် တွင်​ထည့်​ပေး​ကြ​၏။ ထို​နောက်​ရှေ့​တော်​တွင်​ဒူး​ထောက် လျက် ``ယု​ဒ​ဘု​ရင်၊ သက်​တော်​ရှည်​ပါ​စေ​သော'' ဟု ပြက်​ရယ်​ပြု​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဆူး ဦး ရစ် ရက် ၍ ဦး ခေါင်း တော်၌ တင် ခြင်း၊ လက်ျာ လက် တော် တွင် ကျူ လုံး အပ် ခြင်း၊ ရှေ့ တော်၌ ဒူး ထောက် လျက် ယု ဒ လူ မျိုး တို့ ဘု ရင် ၌ မင်္ဂ လာ ရှိ ပါ စေ သော ဟု ပြောင် လှောင် ခြင်း

အခန်းကိုကြည့်ပါ။

Judson Bible

ဆူး​ပင်​နှင့် ရက်​သော​ဦး​ရစ်​ကို ခေါင်း​တော်၌ တင်​ကြ၏။ ကျူ​တစ်​လုံး​ကို​လည်း လက်​ယာ​လက်​တော်​နှင့် ကိုင်​စေ​ပြီး​လျှင် ရှေ့​တော်​မှာ​ဒူး​ထောက်​လျက် ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟူ၍ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့နောက် သူတို့​သည် ဆူးခက်​ဖြင့် ရက်ထားသော​သရဖူ​တစ်ခု​ကို ကိုယ်တော်​၏ ဦးခေါင်းတော်​၌ ဆောင်းပေးကြ၏။ ကျူရိုး​တစ်ချောင်း​ကို ရာဇလှံတံ​အဖြစ် လက်ယာ​လက်တော်​တွင် ကိုင်စေကြ၏။ ထို့နောက် ကိုယ်တော်​၏ ရှေ့တော်​တွင် ဒူးထောက်​လျက် “ဂျူးတို့​၏​ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြုကြ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ဆူး​ပင်​နှင့် ရက်​သော​ဦး​ရစ်​ကို ခေါင်း​တော်၌ တင်​ကြ၏။ ကျူ​တစ်​လုံး​ကို​လည်း လက်​ယာ​လက်​တော်​နှင့် ကိုင်​စေ​ပြီး​လျှင် ရှေ့​တော်​မှာ​ဒူး​ထောက်​လျက် ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟူ၍ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။



မဿဲ 27:29
14 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​အတွက် ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို​ခံရ​ပါ​၏​။ အသရေပျက်​ခြင်း​သည် အကျွန်ုပ်​၏​မျက်နှာ​ကို ဖုံးလွှမ်း​ပါ​ပြီ​။


အစ္စရေး​လူမျိုး​ကို​ရွေးနုတ်​တော်မူ​သော​အရှင်​၊ ထို​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ထာဝရဘုရား​က လူ​တို့​၏​မထီမဲ့မြင်ပြု​ခြင်း​ခံရ​သော​၊ လူမျိုးတကာ​တို့​၏​စက်ဆုပ်ရွံရှာ​ခြင်း​ခံရ​သော​၊ အုပ်စိုး​သော​မင်း​တို့​ထံ၌​ကျွန်ခံရ​သော​သူ​အား “​သင့်​ကို​ရွေးချယ်​တော်မူ​၍ သစ္စာရှိ​တော်မူ​သော အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ထာဝရဘုရား​ကို ရှင်ဘုရင်​တို့​သည် မြင်​၍ အကြီးအကဲ​တို့​မတ်တတ်ရပ်​ကြ​ပြီး သူ​တို့​အတူတကွ ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​၏​။ လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၏​။ ဒုက္ခဝေဒနာ​ခံရ​သော​သူ​၊ နာကျင်​ခြင်း​ဝေဒနာ​နှင့် မိတ်ဖွဲ့​ရ​သူ​ဖြစ်​၏​။ မျက်နှာ​လွှဲ​ခြင်း​ဖြင့် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​တို့​သည်​လည်း သူ့​ကို​အလေး​မ​ထား​ကြ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သွေးဆောင်​တော်မူ​ပြီ​။ အကျွန်ုပ် သွေးဆောင်​ခံရ​ပါ​ပြီ​။ ကိုယ်တော်​သည် အကျွန်ုပ်​ထက် ခွန်အားကြီး​သဖြင့် နိုင်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် နေ့စဉ် လှောင်ပြောင်​ခြင်း​ခံရ​ပါ​၏​။ လူ​တိုင်း အကျွန်ုပ်​ကို ပြက်ရယ်ပြု​ကြ​ပါ​၏​။


ပြောင်လှောင်​ခြင်း၊ ဒဏ်ခတ်​ရိုက်နှက်​ခြင်း​နှင့် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း စ​သည်​တို့​ကို​ပြု​စေရန် သူ့​ကို လူမျိုးခြား​တို့​ထံ အပ်နှံ​ကြ​လိမ့်မည်။ သို့သော် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထို့ကြောင့် သူ​သည် ယေရှု​ထံသို့ ချက်ချင်း​ချဉ်းကပ်​၍ “မင်္ဂလာ​ပါ၊ ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်တော်​ကို​နမ်း​လေ​၏။


ကိုယ်တော်​၏​ဦးခေါင်း​တော်​အထက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင် ယေရှု​ဖြစ်​၏”​ဟု ရေး​ထား​သည့် ကိုယ်တော်​အပေါ်​တင်​သော​စွဲချက်​ကို တပ်​ထား​ကြ​၏။


ထို့နောက် ကိုယ်တော်​အား ခရမ်းရောင်​ဝတ်လုံ​ကို​ဝတ်​စေ​လျက် ဆူး​ပင်​ကို သရဖူ​အဖြစ်​ရစ်ခွေ​၍​ဆောင်း​စေ​ပြီးလျှင်


“ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ကိုယ်တော်​အား​နှုတ်ဆက်​ကြ​၏။