ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
မဿဲ 26:74 - မြန်မာ့စံမီသမ္မာကျမ်း ပေတရုကလည်း “ထိုသူကိုငါမသိ”ဟု တိုင်တည်၍ ကျိန်ဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။ Common Language Bible ပေတရုက ``ထိုသူကိုငါမသိ'' ဟုဘုရားသခင် ကိုတိုင်တည်၍ကျိန်ဆိုလေ၏။ ထိုခဏ၌ကြက်တွန်လေ၏။- Garrad Bible ပေ တ ရု တိုင်း ထွာ၍ ဆို လျှင် ဆို ချင်း ကြက် တွန် လေ၏။ Judson Bible ပေတရုက၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုကလည်း “ထိုသူကို ငါမသိပါ” ဟု တိုင်တည်၍ ကျိန်ဆိုလေ၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။ မြန်မာ ပေတရုက၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။- |
ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
ယေရှုကလည်း“သင့်အား ငါအမှန်ဆိုသည်ကား ဤညတွင်ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် ခဏကြာလျှင် အနီးတွင်ရပ်နေသောသူတို့သည် ပေတရုထံသို့ ချဉ်းကပ်လာ၍ “အမှန်စင်စစ် သင်သည်လည်း ထိုသူတို့အထဲမှတစ်ယောက်ဖြစ်သည်။ အကြောင်းမူကား သင်၏ပြောဆိုပုံသည် သင့်ကို သိသာထင်ရှားစေသည်”ဟု ဆိုကြ၏။
ထိုအခါ ပေတရုသည်“ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု ယေရှုမိန့်တော်မူခဲ့သည့်စကားကို သတိရသဖြင့် အပြင်သို့ထွက်၍ သည်းထန်စွာငိုကြွေးလေ၏။
လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
ယေရှုကလည်း“သင့်အား ငါအမှန်ဆိုသည်ကား ယနေ့၊ ဤညတွင်ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် ပေတရုသည် “သင်ပြောနေသည့်အရာကို ငါမသိ၊ နားလည်းမလည်”ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ထွက်သွားရာ ကြက်တွန်လေ၏။
သို့သော် ပေတရုက “အချင်းလူ၊ သင်ပြောနေသည့်အရာကို ငါမသိ”ဟု ဆို၏။ ထိုသို့ သူပြောနေသည့်အချိန်၌ပင် ကြက်တွန်လေ၏။
အမှန်စင်စစ် သွေးသားဇာတိအားဖြင့် ငါ၏အမျိုးသားချင်းများဖြစ်ကြသော ငါ့ညီအစ်ကိုတို့အတွက် ငါကိုယ်တိုင် ခရစ်တော်နှင့်ကွဲကွာလျက် ကျိန်ခြင်းကိုပင် ခံလိုသောဆန္ဒရှိ၏။
မည်သူမဆို သခင်ဘုရားကိုမချစ်လျှင် ကျိန်ခြင်းကိုခံပါစေ။ သခင်ဘုရား၊ ကြွလာတော်မူပါ။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။
သူသည် မိခင်အား “ငွေစတစ်ထောင့်တစ်ရာပျောက်သွားသဖြင့် အမေ ကျိန်ဆဲပြောဆိုနေသည်ကို အကျွန်ုပ်ကြားပါ၏။ ထိုငွေကို အကျွန်ုပ်ယူမိပါ၏။ အကျွန်ုပ်ထံ၌ ရှိပါ၏”ဟု ဆိုလျှင် မိခင်က “ငါ့သား၊ ထာဝရဘုရား သင့်ကို ကောင်းချီးပေးပါစေ”ဟု ဆို၏။
ငါတို့မူကား ‘ကိုယ့်သမီးကို ဗင်္ယာမိန်အမျိုးတို့နှင့် ပေးစားသောသူသည် ကျိန်ခြင်းခံရမည်’ဟု အစ္စရေးအမျိုးသားတို့ ကျိန်ဆိုထားပြီဖြစ်၍ ငါတို့သမီးများကို သူတို့နှင့် ပေးစား၍မရ”ဟု ဆို၏။