အကျဉ်းသားတို့တွင် ဝပ်တွားခြင်း၊ သတ်ဖြတ်ခံရသောသူတို့တွင် လဲကျခြင်းမှတစ်ပါး အခြားမရှိ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
မဿဲ 24:8 - မြန်မာ့စံမီသမ္မာကျမ်း ဤအရာအားလုံးတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။ Common Language Bible ဤအမှုအရာများသည်ဆိုက်ရောက်လတ္တံ့ သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးသာဖြစ်၏။ Judson Bible ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ထိုအရာများအားလုံးသည် ကျရောက်လာမည့် ကြောက်မက်ဖွယ်သောဆင်းရဲဒုက္ခများ၏ အစမျှသာဖြစ်၏။ မြန်မာ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။- |
အကျဉ်းသားတို့တွင် ဝပ်တွားခြင်း၊ သတ်ဖြတ်ခံရသောသူတို့တွင် လဲကျခြင်းမှတစ်ပါး အခြားမရှိ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
အရှေ့ဘက်မှ ဆီးရီးယားလူမျိုး၊ အနောက်ဘက်မှ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးကို အငမ်းမရဝါးမျိုကြလိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
မနာရှေအမျိုးက ဧဖရိမ်အမျိုးကို၊ ဧဖရိမ်အမျိုးက မနာရှေအမျိုးကို ဝါးမျို၏။ သူတို့အတူတကွ ယုဒအမျိုးကို ဆန့်ကျင်ကြ၏။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
သူသည် သားဖွားဝေဒနာကဲ့သို့ ခံစားရမည်။ သူသည် အချိန်တန်သော်လည်း ဝမ်းထဲမှ ထွက်မလာသောမိုက်မဲသည့်ကလေးဖြစ်၏။
လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငလျင်လှုပ်ခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းများဖြစ်ကြလိမ့်မည်။ ဤအရာတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။
သို့သော် ဤအခြင်းအရာအားလုံးမဖြစ်မီ လူတို့သည် သင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲကာ ဝတ်ပြုစည်းဝေးကျောင်းများနှင့် ထောင်များထဲသို့ ပို့ကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့် ရှင်ဘုရင်များနှင့်ဘုရင်ခံများရှေ့သို့ ခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။
ထူးဆန်းသောကပ်ရောဂါဖြစ်သည့် ပြင်းထန်သောနာတာရှည်ကပ်ရောဂါများ၊ ဆိုးရွားသောနာတာရှည်အနာရောဂါများကို ထာဝရဘုရားသည် သင်နှင့်သင့်သားစဉ်မြေးဆက်တို့၌ သက်ရောက်စေတော်မူမည်။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ချမ်းသာသောသူတို့၊ ယခုနားထောင်ကြလော့။ သင်တို့အပေါ်သက်ရောက်လာမည့် ဒုက္ခဆင်းရဲခြင်းများအတွက် အော်ဟစ်ငိုကြွေးကြလော့။