ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
မဿဲ 24:50 - မြန်မာ့စံမီသမ္မာကျမ်း ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင်ရောက်လာ၍ Common Language Bible ထိုနောက်ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင် သည့်အချိန်၌သူ့သခင်သည်ပြန်လာ၍၊- Garrad Bible ထို ကျွန် မ မျှော် သော နေ့၊ မ သိ သော အ ချိန် နာ ရီ တွင် အ ရှင် ရောက် လာ ပြီး နောက်။ Judson Bible ထိုကျွန် မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသော အချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ၏သခင်သည် သူမျှော်လင့်မထားသောအချိန်နှင့် သူမသိသောနေ့ရက်တွင် ရောက်လာလိမ့်မည်။ မြန်မာ ထိုကျွန် မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသော အချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊- |
ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
အစေအပါးချင်းတို့ကို ရိုက်နှက်ကာ ယစ်မူးသောသူများနှင့်အတူ စားသောက်လျက်နေလျှင်
သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ သူတော်ကောင်းယောင်ဆောင်သောသူတို့နှင့်အတူ နေရာချထားလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်။
ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင် ရောက်လာ၍ သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ မယုံကြည်သူတို့နှင့်အတူ နေရာချထားလိမ့်မည်။
ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။