ရာဇပလ္လင်ပေါ်၌စိုးစံသော ဖာရောမင်းကြီး၏သားဦးမှစ၍ ကြိတ်ဆုံနောက်ရှိ ကျွန်မ၏သားဦး၊ တိရစ္ဆာန်တို့၏သားဦးရှိသမျှတိုင်အောင် အီဂျစ်ပြည်ရှိသားဦးအားလုံးတို့သည် သေကြလိမ့်မည်။
မဿဲ 24:41 - မြန်မာ့စံမီသမ္မာကျမ်း ကြိတ်ဆုံကြိတ်နေသော အမျိုးသမီးနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ Common Language Bible ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့။- Garrad Bible ကြိတ် ဆုံ ကြိတ် လျက် မိန်း မ နှစ် ဦး ရှိ ရာ တစ် ဦး ကို သိမ်း ယူ၍ တစ် ဦး ကျန် ရစ် လ တ္တံ။ Judson Bible ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကြိတ်ဆုံကြိတ်နေသော အမျိုးသမီးနှစ်ဦးတွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ခဲ့လိမ့်မည်။ မြန်မာ ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- |
ရာဇပလ္လင်ပေါ်၌စိုးစံသော ဖာရောမင်းကြီး၏သားဦးမှစ၍ ကြိတ်ဆုံနောက်ရှိ ကျွန်မ၏သားဦး၊ တိရစ္ဆာန်တို့၏သားဦးရှိသမျှတိုင်အောင် အီဂျစ်ပြည်ရှိသားဦးအားလုံးတို့သည် သေကြလိမ့်မည်။
ကြိတ်ဆုံကိုယူ၍ မုန့်ညက်ကြိတ်လော့။ သင်၏မျက်နှာလွှားကို ဖယ်လော့။ ဝတ်ရုံကို ချွတ်လော့။ အဝတ်ကို ပေါင်အထိပင့်၍ မြစ်ကိုကူးလော့။
ထိုအခါ လယ်၌ရှိသောလူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။
ကြိတ်ဆုံအတူကြိတ်နေသော အမျိုးသမီးနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ အခြားတစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။
ကြိတ်ဆုံတစ်စုံလုံးကိုဖြစ်စေ၊ အပေါ်ကျောက်ပြားကိုဖြစ်စေ အပေါင်လက်မခံရ။ လက်ခံလျှင် အသက်ကို အပေါင်လက်ခံသည်နှင့်တူ၏။